ပေးပါတယ်။စစ်တပ်ဟာ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်မှာလည်းတိုက်ပွဲမရှိဘဲ ပြည်သူ့နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
◾️ပဲခူးမြို့အနီးငလျင်လှုပ် ၊ပဲခူးနဲ့ ရန်ကုန်ကပြည်သူတွေသိရှိခံစားရ
ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။ ငလျင်က သြဂုတ်လ ၂၃ ရက်မနက် ၁၀နာရီ ၁၅ မိနစ်ခန့်မှာမြေအောက်အနက် ၁၀ ကီလို
မီတာခန့် (၆ မိုင်ကျော်) ကိုဗဟိုပြုပြီး လှုပ်ရှားသွားတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က
သတင်းထုတ်ပြန်ပါတယ်။ ဒီငလျင်ကိုပဲခူးမြို့နဲ့ပတ်ဝန်းကျင်အပြင် ရန်ကုန်မြို့က သု၀ဏ္ဏ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာစတဲ့မြို့နယ်တွေမှာလည်း သိသိသာသာခံစားခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည် အသံဖိုင်တု AI နဲ့ ဖန်တီးဖြန့်ဝေနေလို့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိထားဖို့ NUG တာဝန်ရှိသူ ပြော
လက်နက်ကိုင်တော်လှန်ရေးကို လက်မခံဟုပြောဆိုထားတဲ့ လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံဖိုင်တု ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး အမျိုးသားညီ
ညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီး
ချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးချက်တရပ် လူမှုကွန်ရက်ကနေ ပြန်လည်ရေးသားခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိ
ထားဖို့ သတိပေးလိုက်ပါတယ်။ဩဂုတ် ၂၂
ရက်ကတည်းက အဲဒီ အသံဖိုင်ဟာ လူမှုကွန်ရက်မှာ ဖြန့်ဝေမှုတွေ ပြုလုပ်နေတာဖြစ်ပြီး အဲဒါဟာ ဒေါ်အောင်ဆန်းစုကြည် အသံကို AIနဲ့ အတု ပြုလုပ်ထားတဲ့ ဖိုင်ဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။ ဒီလိုလုပ်တာဟာ PDF တွေရဲ့ အင်အားနဲ့ စိတ်ဓါတ်ကို ကြောက်ရွံ့လို့ စစ်အုပ်စုကိုယ်တိုင် မဖြိုခွဲနိုင်လို့ အားကိုးရှာတဲ့ သဘောဖြစ်တယ်လို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။
◾️CDFအရှို တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတပ် CNF ထုတ်ပြန်
ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)က ဩဂုတ် ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF-အရှိုနဲ့တကွ တော်လှန်
ရေးရဲဘော်ရဲဘက်များ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။ CDF အရှို တပ်ဦးချုပ် ဆလိုင်းရိုးချင်းနဲ့ ဒု တပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်၊ ရဲဘော် အောင်လင်းဇော်တို့ဟာ ဩဂုတ် ၁၄ရက်က မကွေးတိုင်း ငဖဲမြို့ဘက် ရိက္ခာယူသွားစဉ် စစ်တပ်ရဲ့ ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့တာဖြစ်ပါတယ်။အဲဒီလို ကျဆုံးခဲ့တဲ့အပေါ် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ခဲ့ပြီး ပြည်သူ့တော်လှန်ရေးအတွက် အမြင့်မြတ်ဆုံး ပေးဆပ်တိုက်ပွဲဝင်ပြီး ကျဆုံးခဲ့ကြသော ဆလိုင်းရိုချင်းနဲ့ တပ်ဖွဲ့ဝင်များကို လေးစားဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။ တပ်ဦးချုပ် ဆလိုင်းရိုးချင်းနဲ့ တပ်ဖွဲ့ဝင်များ ကျဆုံးမှုဟာ CDF-Asho အတွက်သော်လည်း
ကောင်း၊ ချင်းအမျိုးသားတော်လှန်ရေးနဲ့ တပြည်လုံးအတိုင်းအတာဖြင့် ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုကြီးဖြစ်ကြောင်း ဖော်ပြပါတယ်။
◾️လီဒိုလမ်းမှာ ဒေသခံ ၄ ဦး သတ်ဖြတ်မှု တပည့်တွေလက်လွန်တာလို့ မင်းဇေသန့်ပြည်သူ့စစ်ဝန်ခံပေမယ့်အလောင်းပြန်မပေး
ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်
တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ကဖမ်းဆီးသတ်
ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေ
ဆုံးသူတွေရဲ့ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ကချင်လွတ်လပ်ရေးတပ်မ
တော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်
ပြပါတယ်။ဩဂုတ်ဒုတိယပတ်မှာမင်းဇေသန့်ခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က နောင်းမီကျေးရွာက ဒေသခံ ၄ဦးကို ဖမ်းဆီး သတ်
ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဩဂုတ် ၁၆ရက်မှာတော့ မင်းဇေသန့်ရဲ့ ညီ ဖြစ်သူက သေဆုံးသူများရဲ့ မိသားစုဝင်တွေကို ခေါ်ယူတွေ့ဆုံကာ ငါ့တပည့်တွေ လက်လွန်သွားတာလို့ ပြောဆိုကာ ၁ဦးကို ကျပ်သိန်း ၂၀၀ စီ လျော်
ကြေးပေးခဲ့တယ်လို့ ဆိုပါတယ်။
◾️IEC အရေးပေါ်ကယ်ဆယ်ရေးဌာန ဝန်
ထမ်း ၁ဦးကို စစ်တပ်က မျက်လုံးတွေဖောက်ထုတ်သတ်ဖြတ်
ကရင်နီပြည်နယ်၊ဖရူဆိုမြို့နယ်မှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက ဝန်ထမ်း ၁ဦးကို စစ်တပ်စစ်ကြောင်းက မျက်လုံးတွေဖောက်ထုတ် သတ်ဖြတ်သွားတယ်လို့ IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကိုပြောပါတယ်။IEC အရေးပေါ်ကယ်
ဆယ်ရေးဌာနခွဲက ခူးဖဲသူဟာ အခုဩဂုတ် ၂၀ ရက်က ဖရူဆိုမြို့နယ်မှာ စစ်တပ်စစ်
ကြောင်းနဲ့ တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။ ဩဂုတ် ၂၂ရက်မှာ သေဆုံးသူရဲ့ ဈာပနပြုလုပ်ခဲ့ပြီး မိသားစု၀င်တွေနဲ့ IEC တာ၀န်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
◾️ရန်ကုန်မှာဝမ်းရောဂါဖြင့် သေဆုံးသူ
တဦးထပ်တိုး၊ နာရေးပြုလုပ်ခွင့်မရှိ
5
1August 23, 2026 640