အစကတော့ Nexus မှာ Anime Watcher တွေများလို့ သူတို့နဲ့ အလှမ်းဝေးတဲ့… — One Piece Nexus 2.0 — TG.ME

Forwarded fromNENexus Realm
အစကတော့ Nexus မှာ Anime Watcher တွေများလို့ သူတို့နဲ့ အလှမ်းဝေးတဲ့ Latest Chapter တွေက အကြောင်းအရာလောက်ပဲ တင်ပေးဖြစ်ပေမဲ့ ကိုယ်တွေအပြောချင်ဆုံး Scene က Anime အပေါ် ရောက်လာပြီဆိုတော့ အနည်းငယ်လေး လေကြောရှည်ချင်ပါတယ်။ ဖတ်ရှုသူတွေအနေနဲ့ Latest Episode အထိ ကြည့်ပြီးသွားရင် Gunko ဆိုတာ ဘယ်လိုလူလဲနဲ့ ဘာလုပ်နိုင်လဲကို အကြမ်းဖျဉ်းသိပြီးကြမှာပါ။

ပြန်ပြောပြရမယ်ဆို Gunko အနေနဲ့ Holy Knight တစ်ယောက်အဖြစ် Strawhats တွေကို တိုက်ခိုက်ခဲ့ရာမှာ ရှိရှိသမျှတိုက်ခိုက်ချက်‌တွေ အားလုံးကို သူ့အစွမ်းနဲ့ Redirect ပြန်လုပ်ခဲ့ပေမဲ့ အားအနည်းဆုံး Ussop ရဲ့ ဗုံးကျမှ လုပ်ဖို့မကြိုးစားခဲ့ဘဲ အထိခံ၊ ပေါက်ကွဲခံလိုက်တာပဲ။ Manga Reader အချို့ကတော့ Oda အနေနဲ့ သူ့ရဲ့ Immortality ကို ချပြပေးလိုက်တာမို့ ဘာဆန်းသလဲ မေးချင်လောက်မယ် ထင်တယ်။

ကျွန်‌တော့်အတွက်တော့ အခြားလူတွေရဲ့ Attack တွေနဲ့ နှိုင်းယှဉ်ကြည့်ရာကနေ Jimbei, Brook နဲ့ Zeus က အစ Soul ပါတဲ့ သက်ရှိတိုက်ခိုက်ချက်တွေနဲ့ လာတာဖြစ်ပြီး Ussop တစ်ကောင်ရဲ့ တိုက်ခိုက်ချက်ကပဲ သက်မဲ့ကမို့လို့ Gunko အနေနဲ့ သက်မဲ့တွေတော့ ထိန်းချုပ်နိုင်စွမ်းမရှိဘူးဆိုတာကို ဖော်ပြနေသေးတယ်မြင်မိတယ်။


#KyayKuuSitt
#NexusRealm
❤11💘1
September 5, 2026 750 1