Oda အနေနဲ့ Mangaka အဖြစ်လုပ်ကိုင်လာတာ အခုဆို 10 စုနှစ်သုံးခုတောင် ကျော်ခဲ့ပြီပြောလို့ရတယ်။ နည်းနည်းပါးပါး လေ့လာထားသူတွေအနေနဲ့ One Piece နဲ့ဆို နောက်နှစ်မှ ပြည့်မှာပါ ကပ်ငြင်းလို့ရပေမဲ့ One Piece မတိုင်ခင် Monster တို့ Wanted တို့လို နာမည်တစ်ခုရှိတဲ့ One Shot တွေလည်း ထွက်ခဲ့သေးတာဆိုတော့ ဒီ Career ဟာ သူ့အသက်ရဲ့ လေးပုံသုံးပုံလောက်ကို နေရာယူထားတာဗျ။
ငါးနှစ်သားထဲက Mangaka ဖြစ်ဖို့ အိပ်မက်မက်ခဲ့ရသူဆိုတော့လည်း သူ့ဘဝကို ဒီထဲပဲ နှစ်မြှုပ်ထားတာက မထူးဆန်းတော့ပေမဲ့ အဲ့ဒီနှစ်မြှုပ်မှုကနေ ရလာတဲ့ ရလဒ်တွေကတော့ ဘယ်တော့မှ ကိုယ်တွေကို ဆန်းသစ်တဲ့ ခံစားချက်က လွတ်ကင်းအောင်လုပ်ပြီး စိတ်မပျက်စေဘူး။ ပုံမှာဆိုရင်ပဲ Onigashima Raid အတွက် စိတ်ပိုင်းဖြတ်ထားကြတဲ့ Akazaya 9 တို့တွေကို Traditional ဆန်တဲ့ Japanese Art Work နဲ့ သေဘေးက စောင့်ကြိုနေမဲ့ပုံစံနဲ့ ဖော်ပြထားတာမျိုး။
ဒီလို Panel မျိုးတွေက Wano အပြီးမှာ Gorosei 5 ယောက်နဲ့ ရင်ဆိုင်ဖို့ဖြစ်လာတဲ့ Luffy ဆီမှာပဲ ပြန်ရခဲ့တယ်။ ဒါပေမဲ့ ဒီလောက်ထိ မပြင်းထန်ခဲ့တာကတော့ ကိုယ်တွေအတွက် သေချာပါတယ်။ ဒါ့ကြောင့်လည်း လူတော်တော်များများက Manga ဖတ်ကြဖို့ တိုက်တွန်းတာပေါ့။
#KyayKuuSitt
#NexusRealm
Forwarded fromNexus Realm

18
2
1
1September 5, 2026 807 1 3