Marineford မှာ Ace သေသွားတဲ့အချိန်တုန်းက Luffy တယောက် Akainu… — One Piece Nexus 2.0 — TG.ME

Marineford မှာ Ace သေသွားတဲ့အချိန်တုန်းက Luffy တယောက် Akainu ရဲ့တိုက်ခိုက်တာလည်းမခံရခင်မှာတင် တခြားကြီးမားတဲ့ထိခိုက်မှုမျိုးလည်းမရှိဘဲ Ace ကြောင့်သက်သက်သတိလစ်သွားတဲ့အချိန်ကိုမှတ်မိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ဒီကိစ္စက Luffy အနေနဲ့ဆုံးရှူံးမှုဒဏ်ကိုမခံနိုင်လို့ သာမာန်သတိလစ်သွားတယ်ဆိုတာထက် (Jinbe ရဲ့အဆိုအရ) Ace ကိုဆုံးရှူံးလိုက်ရတဲ့အသိကြောင့် panic attack လိုမျိုးမဖြစ်သွားအောင် Luffy ရဲ့ survival instint က သိစိတ်ကိုအလိုအလျောက်ပိတ်ချလိုက်တာမျိုးပါ။ အဲ့လိုမပိတ်ချခဲ့ရင်လည်း အဲ့နေရာမှာတင်ရင်ကွဲနာကျသေပြီး Sabo ကို Mc အဖြစ်နဲ့ Two Piece ကြီးကြည့်နေရလောက်ပြီပါပြီ။ ဘာပဲပြောပြော နှင်းတောထဲcrush လေးစကားကြောင့်ပစ်လဲရတာထက်စာရင် ဒါကလည်း Luffy ရဲ့ထူးခြားတဲ့စွမ်းရည်တခုလို့ပြောရပါလိမ့်မယ်။

#Nabo
#Onepiecenexus

----------

အောက်ကလင့်မှတဆင့် One Piece နဲ့ ပတ်သက်တဲ့ Channel အားလုံး Join ရန် ။

Here - t.me/addlist/kUlnkKUiqlxkNDE1
🤣39❤9😢5💘1
September 5, 2026 1.6K 1