မြန်မာ့ ဒီမိုရေဒီယို: post #68528 — TG.ME

“ယူကရိန်းဟာ အမေရိကန်ရဲ့ ဦးစားပေးမှုမရှိတော့ချိန် သူတို့က ယူကရိန်းကို ပိုဦးစားပေးရတော့မယ်လို့ ဥရောပနိုင်ငံတွေက ခံစားလာရပါတယ်။ ဒီစစ်ပွဲမှာ ယူကရိန်းဘက်ကနေ ရန်ပုံငွေ ထောက်ပံ့ဖို့ တာဝန်ယူလာကြပါတယ်။ အဲဒီအတွက်လိုအပ်တဲ့ ငွေကြေးကို တခြားရနိုင်သမျှ နေရာတွေကရယူဖို့ လိုလာပါတယ်။ မှန်ပါတယ်။ ဒါက ဥရောပကို လွှမ်းမိုးနေတဲ့ သတင်းကြီးပါ။ ဒါကြောင့် မြန်မာလို နိုင်ငံတွေက သူတို့ရဲ့ထောက်ပံ့ကူညီမှုတွေကို ဖြတ်တောက်ဖို့ ဖြစ်လာတာလို့ ကျွန်တော်ထင်ပါတယ်။ ဒီလိုလုပ်တာတွေနဲ့ပတ်သက်လို့ အများရဲ့ အာရုံစူးစိုက်မှုကိုလည်း ရသင့်လောက်မရပါဘူး။ ငြင်းခုန်ဝေဖန်တာတွေလည်း သိပ်မရှိပါဘူး။” ဒေါက်တာ ပေါလ်ဗရီဇား တွဲဖက်သုတေသနမှူး၊ အာရှရေးရာဌာန ဆွီဒင်နိုင်ငံတကာရေးရာအင်စတီကျု မြောက်ဥရောပနယ်စပ်နဲ့ ဥရောပဒေသရဲ့အရှေ့နယ်စပ်မှာဖြစ်နေတဲ့ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ဟာ နှစ်ကြာတာနဲ့အမျှ အရှေ့တောင်အာရှ ဒေသက မြန်မာနိုင်ငံကို ဘယ်လိုရိုက်ခတ်လာနေပါသလဲ။ ဆွီဒင်နိုင်ငံတကာရေးရာအင်စတီကျု၊ အာရှရေးရာဌာန၊ တွဲဖက်သုတေသန ပညာရှင် ဒေါက်တာ ပေါလ်ဗရီဇားကို မအေးသူစံကမေးမြန်းထားပါတယ်။

January 3, 2026 409