လေးကေ့ကော်တိုက်ပွဲ လေးလနီးပါးအတွင်း တပ်ရင်းမှူးအပါအဝင် ၃၀၀ကျော် သေဆုံး ဇန်နဝါရီ-၃၊ ၂၀၂၆။ People’s Spring ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသတိုက်ပွဲ လေးလနီးပါးအတွင်း စစ်ကောင်စီတပ်ရဲ့တပ်မ(၂၂)က တပ်ရင်းမှူးအဆင့်အပါအဝင် သေဆုံးသူ ၃၀၀ကျော်အထိရှိနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ လေးကေ့ကော်မြို့သစ်ကို ရဖို့အတွက် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၂၁ရက်ကစတင်ပြီး စစ်ကြောင်းထိုးလာခဲ့တာပါ။ လတ်တလောမှာ လေးကေ့ကော်ဒေသက မင်းလက်ပံရွာမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ လေးကေ့ကော်တိုက်ပွဲဟာ လေးလနီးပါးကြာလာပြီဖြစ်ပြီး စစ်တပ်က မင်းလက်ပံရွာမှာပဲ ရှေ့မတိုးနိုင်သေးဘဲ ရပ်တန့်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
January 3, 2026 153