A-b-o-ut F-a-mi-ly (20-2-4)
ဟမ်မူအို့ (Kim Yun-Seok) က ဖက်ထုပ်ဆိုင်ဖွင့်ထားပြီး သူ့ဆိုင်က စားကောင်းလွန်းတဲ့အတွက် အမြဲတမ်း လူကြိတ်ကြိတ်တိုးနေတဲ့ ဆိုင်လေးပေါ့။ ဒါ့အပြင် အဆောက်အဦများစွာလည်း ပိုင်ဆိုင်ထားပြီး ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီးဖြစ်နေပေမဲ့ သူ့ဘဝမှာ မပြည့်စုံတာတစ်ခုကို ပြောပါဆိုရင် အဲဒါက သူ့ရဲ့သားဖြစ်သူ ဟမ်မွန်းဆော့ (Lee Seung-Gi) ပါပဲ။
မွန်းဆော့က အမေ့ကို ဆေးကုသပေးဖို့ ဆေးတက္ကသိုလ်တက်ခဲ့ပေမဲ့ တကယ်တမ်း ဆေးမကုသပေးလိုက်နိုင်ဘဲ အမေဆုံးပါးသွားတဲ့နောက်မှာ ဘုန်းကြီးဝတ်သွားခဲ့လို့ပဲဖြစ်ပါတယ်။ ဟမ်မူအို့က မြေးမချီနိုင်တော့ဘဲ မျိုးဆက်ပြတ်မှာကို စိုးရိမ်နေတဲ့အချိန်မှာပဲ သူ့ရဲ့ဖက်ထုပ်ဆိုင်ကို ဟမ်မွန်းဆော့က သူတို့အဖေပါလို့ပြောနေတဲ့ ကလေးနှစ်ယောက် ရောက်ချလာတဲ့အခါမှာတော့…ခြောက်သွေ့နေခဲ့တဲ့ ဟမ်မူအို့ရဲ့ဘဝထဲ ချစ်စရာမြေးလေးတွေ ဝင်ရောက်လာတဲ့အခါမှာ သူ့ဘဝက ဘယ်လိုပြောင်းလဲသွားမလဲ။ မွန်းဆော့ ဘုန်းကြီးမဝတ်ခင်က သူမသိရှိခဲ့တဲ့ ထိတ်လန့်စရာ အမှန်တရားတစ်ခုကဘာများဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး။
https://t.me/moviee2122/1053
