T-he S-t-o-ry o-f J-o-an o-f A-r-c (19-9-9)
ဇာတ်လမ်းအစမှာ Joan ဟာ ပြင်သစ်နိုင်ငံ၊ Domrémy ရွာလေးမှာ နေထိုင်တဲ့ ဘာသာတရားကို အလွန်ကိုင်းရှိုင်းတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူမဟာ တောအုပ်ထဲမှာ ဘုရားသခင်ဆီက လာတယ်လို့ ယူဆရတဲ့ အသံတွေနဲ့ ဗျာဒိတ်တော်တွေကို စတင်ကြားခဲ့ရပါတယ်။ ဒါပေမဲ့ ကံဆိုးတာက သူမ ငယ်ငယ်မှာတင် အင်္ဂလိပ်စစ်တပ်က သူမတို့ရွာကို ဝင်စီးပြီး သူမရဲ့ အစ်မဖြစ်သူကို သူမရှေ့တင် ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်က Joan ရဲ့ စိတ်ထဲမှာ အင်္ဂလိပ်တွေကို တော်လှန်ဖို့နဲ့ ပြင်သစ်ကို ကယ်တင်ဖို့ဆိုတဲ့ စိတ်ဓာတ်ကို ပိုမိုပြင်းထန်စေခဲ့ပါတယ်။
