လင်းယုန်ငှက်တွေဟာ စူးရှတဲ့ အမြင်အာရုံရှိပြီး အမဲလိုက်ရာနေရာမှာလည်းအံ့ဩဖွယ်ကောင်းအောင် ထူးချွန်တဲ့ ငှက်တွေဖြစ်ပါတယ်။ဖမ်းချင်တဲ့ သားကောင်ကိုတွေ့ရင် လေပေါ်ကနေအောက်ကိုထိုးဆင်းပြီးမှ မြေကိုမထိပဲ သားကောင်ကို ချီသွားနိုင်တဲ့ပုံစံဟာ လင်းယုန်ငှက်တွေရဲ့ နာမည်ကြီး အမဲလိုက်ပုံလို့ပဲ ပြောရပါလိမ့်မယ်။ဒီဇာတ်ကားကလည်း အဲ့လို အံ့ဩဖို့ကောင်းတဲ့လင်းယုန်တစ်ကောင်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။လူးကပ်စ်ဟာ ထူးခြားတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။သူက ကြင်နာတတ်တဲ့စိတ် အပြည့်ရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီးတစ်ယောက်တည်း အေးအေးဆေးဆေးလည်း နေတတ်သူပါ။ဒီလိုထူးခြားတဲ့ ကောင်လေးတစ်ယောက်မှာအတိတ်ဖြစ်ရပ်ဆိုးတွေလည်း ရှိနေပါတယ်။လူးကပ်စ်ဟာ ဒီဖြစ်ရပ်ကြောင့် စိတ်ဒဏ်ရာရနေပြီးသူ့ရဲ့ဖခင်ဖြစ်သူနဲ့လည်း ပြေလည်တဲ့ ဆက်ဆံရေး မရှိပါဘူး။တစ်နေ့တော့ လူးကပ်စ်တစ်ယောက် လျှောက်သွားရင်းနဲ့တောင်ပေါ်တစ်နေရာက ပြုတ်ကျနေတဲ့ လင်းယုန်ငှက်ပေါက်စလေးတစ်ကောင်ကို တွေ့ခဲ့ပါတယ်။လူးကပ်စ်က ကြင်နာတတ်သူပီပီ ငှက်ကလေးကိုမွေးစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
https://t.me/moviee2122/1021















