MM Storyteller Website: post #939 — TG.ME

စွန့်ပစ်ခံသားရဲ့ချစ်ဇနီး

မိတ်ဆက်

ကြင်ဖက်တွေ့ရသည်ကို စိတ်ပျက်ငြီးငွေ့နေပြီဖြစ်သော ရှန်ယို့ယောင် တစ်ယောက် "အမျိုးသမီးဇာတ်ပို့ ပြန်လည်မွေးဖွားခြင်း" ဝတ္ထုကမ္ဘာထဲသို့ ကူးပြောင်းရောက်ရှိသွားခဲ့လေသည်။ သူမ ရောက်ရှိသွားသော နေရာသည် အမျိုးသမီးဇာတ်ပို့ချန်ရစ်ခဲ့သော ပြဿနာများကို ခေါင်းခံဖြေရှင်းပေးရမည့် ဓားစာခံနေရာပင်။

ယခင်ဘဝမှ ပြန်လည်မွေးဖွားလာသော အမျိုးသမီးဇာတ်ပို့၏ ပထမဆုံးခြေလှမ်းမှာ ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းမှ စွန့်ပယ်ခြင်းခံရတော့မည့် တုဇယ်ချန်းနှင့် ကွာရှင်းရန်ပင် ဖြစ်သည်။

ကွာရှင်းပြတ်စဲကြေး အမြောက်အမြား ရယူလိုမှုကြောင့် သူမသည် တုဇယ်ချန်း ဖောက်ပြန်မှားယွင်းစေရန် ထောင်ချောက်ဆင်ခဲ့ရာ... ထိုထောင်ချောက်ထဲတွင် သားကောင်ဖြစ်သွားရသူမှာ ရှန်ယို့ယောင် ဖြစ်နေခဲ့သည်။

ထို့နောက်တွင်တော့ ဒေါသအိုးပေါက်ကွဲသွားသော တုဇယ်ချန်းက 'ဖြစ်ချင်ရာဖြစ်' ဟူသော သဘောထားဖြင့် ရှန်ယို့ယောင်အား ဒုတိယဇနီးအဖြစ် အိမ်သူသက်ထား မြှောက်စားလိုက်လေတော့သည်။

ရှန်ယို့ယောင်သည် သူမရှေ့မှောက်တွင် မူးရူးသောက်စားထားသော ထိုအမျိုးသားကို ကြည့်ရင်း ကျိတ်ပျော်နေမိသည်။

"ဟား... ငါ့ ယောကျ်ားရပြီဟေ့။ နောက်ဆုံးတော့ အောင်သွယ်တော်တွေနဲ့ မျက်နှာချင်းဆိုင်စရာ မလိုတော့ဘူး"

နှစ်အနည်းငယ် ကြာမြင့်သောအခါ...

တုအိမ်တော်၏ ဆက်ခံသူ သခင်လေးသည် အာဏာကို ချောမွေ့စွာ ချုပ်ကိုင်နိုင်ခဲ့ပြီး သူ၏ ကြွယ်ဝချမ်းသာမှုမှာလည်း အဆပေါင်းများစွာ တိုးပွားလာခဲ့သည်။

လူတစ်ယောက်က သူ့ကို မေးမြန်းလာသည်။

"အရင်တုန်းက မင်း ဘဝရဲ့အောက်ဆုံးထိ ထိုးကျသွားပြီး ပြန်မထနိုင်လောက်တော့ဘူးလို့ ကြားခဲ့ဖူးတယ်နော်"

တုဇယ်ချန်းက ပြုံးလျက်

"ဟုတ်ပါတယ်။ နှလုံးသားတစ်ခုလုံး ပြာကျပြီး စိတ်ဓာတ်တွေလည်း အကြီးအကျယ် ကျဆင်းခဲ့ဖူးတာပေါ့"

ထိုလူက တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။

"ဒါဆို မင်းက ဘယ်လိုလုပ်ပြီး..."

ထိုအခါ တုဇယ်ချန်းသည် ရှန်ယို့ယောင်အား ကြင်နာနွေးထွေးစွာ ကြည့်လိုက်ရင်း ပြောလိုက်သည်။

"ကျွန်တော့်ဇနီးသည်ကို ဆင်းရဲဒုက္ခတွေ ပေးမတွေ့ရက်တာနဲ့ပဲ... အံကြိတ်ပြီး ပြန်ထလာခဲ့တာပါဗျာ"

@

ထိုအခြေအနေကို ကြည့်ရင်း အမျိုးသမီးဇာတ်ပို့ခမျာ လုံးဝဥဿုံ ပြောင်းလဲတိုးတက်ကာ ကျက်သရေရှိနေသော ခင်ပွန်းဟောင်းကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်ကျန်ရစ်ခဲ့လေသည်။

"ဒါ... ဒါတွေက ဘယ်လိုလုပ်ပြီး ဖြစ်ကုန်ရတာလဲ"

၁။ အမျိုးသားဇာတ်လိုက်သည် ဖြည်းဖြည်းချင်း ရင့်ကျက်လာမည့် ပုံစံ ဖြစ်သည်။ အစပိုင်းတွင် မောက်မာသော သခင်လေး ပုံစံဖြစ်သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာပြီး ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်း၏ ခေါင်းဆောင်ကြီး ဖြစ်လာပါလိမ့်မည်။

၂။ အမျိုးသမီးဇာတ်လိုက်သည် ဇာတ်ကြောင်းကို သိပ်မသိသလို၊ ဆိုးရွားသော အဖြစ်အပျက်များကို တားဆီးနိုင်မည့် ရွှေလက်ချောင်းလည်း မပိုင်ဆိုင်ထားပါ။ သူမ၏ ကိုယ်ပိုင်ဘဝကို အလေးအနက်ထား ပြုစုပျိုးထောင်သွားမည့် ပုံစံမျိုးသာ ဖြစ်သည်။



ဘာသာပြန်သူ၏ အမှာစာ

ရှန်ယို့ယောင်က တအားကို ချစ်ဖို့ကောင်းပြီး စိတ်ထားဖြူစင် ရိုးသားတဲ့သူပါ။ ဒါပေမဲ့ အနိုင်ကျင့်တာကို သည်းခံတဲ့သူမျိုးတော့ မဟုတ်ဘူး။ အနိုင်ကျင့်လို့လဲ မရဘူး။ သူက လက်ဝှေ့သမားရယ်။

ဒီ၀တ္ထုက အနုပညာလောကကို အခြေခံထားတဲ့ ၀တ္ထုဖြစ်ပြီး ဇာတ်ကောင်တွေရဲ့ character development က တကယ် ကောင်းပါတယ်။ ဇာတ်ကောင် အချင်းချင်းလဲ chemistry မိပြီး ဇာတ်နာတာလဲ နည်းပါတယ်။ အစပိုင်းလေးတော့ နည်းနည်း နာပါတယ်။

🍑🍑🍑🍑🍑


Hello

Reader လေးတို့ရေ ...

ဒီနေ့လဲ completed ဖြစ်သွားတဲ့ Erata Team ရဲ့ "စွန့်ပစ်ခံသားရဲ့ချစ်ဇနီး " ဆိုတဲ့ novel လေးကိုကြေညာပါရစေ

အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင်

ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင်
👇👇👇👇👇

https://mmstoryteller.com/novel-630-chapters

💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 3 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ်

💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖

အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ်

အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️

THANK U 💙

www.mmstoryteller.com

🌸🌸🌸🌸🌸
❤1
July 15, 2026 605 1