Description
ရွှီကျောင်းကျောင်းသည် အချစ်တော် မိဖုရား စနစ်နှင့် ချိတ်ဆက်ခြင်း ခံလိုက်ရပြီး သူမကိုယ်သူမ ရှေးခေတ်ဆီသို့ သွားရောက်ကာ အနောက်နန်းဆောင်အား လွှမ်းမိုးခြယ်လှယ်ရတော့မည်ဟု ထင်မှတ်နေချိန်တွင် အသုံးမကျသော စနစ်၏ လည်ပတ်မှု အမှားအယွင်း တစ်ခုကြောင့် သူမအား ၁၉၇၀ ခုနှစ်များဆီသို့ ပို့ဆောင်လိုက်လေတော့သည်။
ဘာ...
လူတစ်ယောက်ကို ပို၍ပို၍ လှပလာစေမည့် စနစ်တစ်ခုက သူမကို ၁၉၇၀ ခုနှစ်များဆီသို့ ပို့ဆောင်လိုက်ခြင်းမှာ သူမအနေဖြင့် လူအများ၏ အာရုံစိုက်မှုကို မရရှိသေးဘူးဟု ထင်မြင်နေ၍လော။
သူတစ်ပါး၏ အာရုံစိုက်ခြင်းကို မခံချင်သော ရွှီကျောင်းကျောင်းသည် နေ့စဉ်နေ့တိုင်း သူမကိုယ်သူမ ရုပ်ဆိုးသွားစေရန် ပြင်ဆင်နေပြီး အသားအရေ အနည်းငယ် ညိုမည်းသွားစေရန် ရည်ရွယ်ကာ အသက်ကိုပင် ပဓာနမထားဘဲ အလုပ်များကို လုပ်ကိုင်နေခဲ့သည်။
သို့သော်လည်း လုံးဝ အသုံးမဝင်ခဲ့ပေ။ ထို ဆွဲဆောင်မှုပြင်းပြသော မိဖုရားများ၏ ထူးခြားချက် တစ်ခုချင်းစီသည် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ တဖြည်းဖြည်းချင်း ကပ်ညိလာခဲ့ပြီး သူမ၏ အလှအပမှာ ပို၍ပို၍ ဖုံးကွယ်၍ မရနိုင်အောင် ဖြစ်လာခဲ့သည်။
ထို့အပြင် စစ်မှုထမ်းဟောင်း ကြမ်းတမ်းသော အမျိုးသား တစ်ဦး၏ သူမကို ကြည့်ရှုသည့် အကြည့်များမှာလည်း ပိုမို၍ နက်ရှိုင်း မှောင်မိုက်လာခဲ့သည်။
ရွှီကျောင်းကျောင်း - ……
"ငါ အလုပ်ကို ဆန္ဒပြချင်တယ်၊ ရမလား။"
အမည်မသိ အမျိုးသား - "သွေးဆောင်ဖြားယောင်းပြီးတာနဲ့ ထွက်ပြေးချင်နေတာလား။"
ဇနီးသည်မှာ ပိုပို လှပလာပြီး၊ ပိုပိုပြီး ဆွဲဆောင်မှုရှိလာသလို၊ ပိုပိုပြီး ကြောက်စရာကောင်းလာနေတယ်။ ကျွန်တော် ဘာလုပ်ရမလဲ။
အဓိက ရည်ရွယ်ချက် - ဘဝတိုးတက်မှု ဇာတ်လမ်း၊ အသိပညာက ကံကြမ္မာကို ပြောင်းလဲစေသည်။ သီးသန့် ကမ္ဘာငယ်လေး ပါရှိပြီး ဇာတ်လိုက်မင်းသမီးသည် ဆေးပညာကို တတ်ကျွမ်းကာ ကြမ်းတမ်းသော အမျိုးသားက ဇနီးသည်ကို အလွန် အချစ်ပိုသည်။
🍑🍑🍑🍑🍑
Hello
Reader လေးတို့ရေ ...
ဒီနေ့လဲ Author Khat ရဲ့ "အချစ်တော်မိဖုရားစနစ်နဲ့ ၇၀ ခုနှစ်များဆီသို့" ဆိုတဲ့ novel လေးကိုကြေညာပါရစေ
အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင်
ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင်
👇👇👇👇👇
https://mmstoryteller.com/novel-658-chapters
💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 5 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ်
💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖
အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ်
အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️
THANK U 💙
www.mmstoryteller.com
🌸🌸🌸🌸🌸

