မိတ်ဆက်
ထန်နွမ်သည် ချစ်စရာကောင်းသော ဝတ္ထုတစ်ပုဒ်၏ ဇာတ်ရံတစ်ဦး ဖြစ်သည်။ လူမှုအသိုင်းအဝိုင်းတွင် ဘာမှမတတ်သည့် အလှပဂေးတစ်ဦးအဖြစ် လူသိများပြီး ချမ်းသာကြွယ်ဝသော မိသားစုမှ ယဲ့ရှုယန်နှင့် စေ့စပ်ထားသူ ဖြစ်သည်။
သို့သော်လည်း ယဲ့ရှုယန်၏ အချစ်ဦး၊ နတ်သမီးလေး ပြန်ရောက်လာသည့်အခါတွင် ထန်နွမ်၏ မိသားစုနောက်ခံမှာ အတုအယောင်ဖြစ်ကြောင်း ဖော်ထုတ်ခံခဲ့ရသည်။ ထန်နွမ်သည် ထန်မိသားစုမှ နှင်ထုတ်ခံရသလို ယဲ့မိသားစုကလည်း စေ့စပ်ပွဲကို ဖျက်သိမ်းရန် ပြင်ဆင်လာခဲ့သည်။
ထန်နွမ်က ယဲ့ရှုယန်နောက် တကောက်ကောက်လိုက်ပြီး ရယ်စရာဖြစ်လာမှာကို လူတိုင်း စောင့်ကြည့်ခဲ့ကြသည်။
ယဲ့ရှုယန်ကိုယ်တိုင်ကလည်း ထိုသို့ပင် ထင်မြင်ခဲ့သောကြောင့် ထန်နွမ်အတွက် လျော်ကြေးအလုံအလောက် ပေးရန် စီစဉ်ခဲ့သည်။ ထိုစဉ် မတော်တဆမှုတစ်ခုကြောင့် အိပ်ပျော်နေရာမှ နိုးလာသောအခါ သူသည် အခြားသူများ၏ အတွေးများကို ဖတ်နိုင်သည့် စွမ်းအားကို ရရှိသွားခဲ့သည်။
မည်သို့ဖြစ်ပျက်နေသည်ကို သူနားမလည်မီမှာပင် မိန်းကလေးတစ်ဦး၏ ကြည်လင်သော အသံကို ကြားလိုက်ရသည်။ [သူ့ရဲ့ စိတ်ကိုဖတ်နိုင်တဲ့ စွမ်းအားက သုံးမီတာပဲ ရှိတာလား။ တော်သေးတာပေါ့။ မဟုတ်ရင် ငါ့ရဲ့အတွေးတွေ ပေါက်ကွဲကုန်မှာပဲ။]
ယဲ့ရှုယန်သည် အဝေးဆုံးထောင့်တွင် ရပ်နေသော ထန်နွမ်ကို ကြည့်ပြီး တွေးလိုက်မိသည်။
“ဒါတွေကို သူ ဘယ်လိုသိနေတာလဲ” မကြာမီပင် သူသည် မိမိနှင့်စေ့စပ်ထားသူကို တစ်ခါမှ နားမလည်ခဲ့ဖူးကြောင်း သဘောပေါက်သွားသည်။
____
စိတ်အစစ်အမှန်များ ပေါ်ထွက်လာခြင်း
ယဲ့ရှုယန်၏ အမေက စေ့စပ်ပွဲဖျက်သိမ်းရန် ပြောသောအခါ၊ သုံးမီတာပတ်လည်အတွင်း၌ ထန်နွမ်၏ အတွေးများက ပြင်းထန်စွာ ထွက်ပေါ်လာသည်။ [ကျွန်မ မဖျက်သိမ်းနိုင်ဘူး။ ဒီနှစ်တွေအားလုံးမှာ ကျွန်မတို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာတွေဟာ အတုတွေလား။]
သို့သော် သုံးမီတာအကွာအဝေးတွင်မူ အခြားအတွေးတစ်ခု ပေါ်လာပြန်သည်။ [သေချာတာပေါ့။ သူ့ခွေးကိုတောင် သံယောဇဉ် ပိုရှိသေးတယ်]
ယဲ့ရှုယန် “…”
သူ ငါ့ကို ဆဲနေတာလား။
အချစ်ဦး နတ်သမီးလေးက ချစ်ခင်မှုကို လာရောက်ပြသသည့်အခါ သုံးမီတာအတွင်း၌ ထန်နွမ်၏ အတွေးများ ပေါက်ကွဲလာသည်။ [အာ.. ယဲ့ရှုယန်က သူမကို လက်ထပ်လို့မရဘူး။ သူမက လက်ဖက်စိမ်းပဲ။ မင်းရဲ့ခန္ဓာကိုယ်ကိုတင်မကဘဲ မင်းရဲ့ပိုင်ဆိုင်မှုတွေကိုပါ လိုချင်နေတာ။]
သုံးမီတာအပြင်ဘက်တွင်မူ ထန်နွမ်က ကိုယ့်ကိုယ်ကိုယ် သရော်နေသည်။ [ဒီနတ်သမီးက ငါ့ထက် အန္တရာယ်ပိုများတယ်။ ထန်မိသားစုကလည်း ရည်မှန်းချက်ကြီးပေမဲ့ ငါကတော့ ဘာမှလုပ်လို့မရဘူး။ သူ့ကိုယ်ကို စွဲလမ်းတာကလွဲလို့ပေါ့။]
ယဲ့ရှုယန်က တွေးလိုက်မိသည်။ “သူမက ကိုယ့်ကိုယ်ကိုယ် နိမ့်ကျအောင် ပြောနေတာပဲ”
ကုမ္ပဏီအရာရှိတစ်ဦးက အလုပ်အကြောင်း လာရောက်ဆွေးနွေးသည့်အခါ ထန်နွမ်၏ အတွေးများသည် အခြားသူများနှင့် အတူတူပင်ဖြစ်သည်။ [သူအလုပ်လုပ်တဲ့ပုံစံက အရမ်းချောတာပဲ။ ကြီးမားတဲ့ ပရောဂျက်တစ်ခုကို လုပ်နေတာကိုး။]
သုံးမီတာအပြင်ဘက်တွင်မူ အတွေးများက ကွဲပြားသွားသည်။ [တကယ်တော့ ငါသာမပါရင် သူ့ပရောဂျက်တွေ ဒီလောက်အထိ အဆင်ပြေမှာမဟုတ်ဘူး...။ ကိစ္စမရှိဘူး၊ ဒါကို နောက်ဆုံးကျေးဇူးဆပ်တယ်လို့ သဘောထားလိုက်မယ်။]
[ဘယ်အချိန်ကျမှ စေ့စပ်ပွဲဖျက်မလဲ။ ငါ့ဘဏ်အကောင့်ကိုတောင် ပြင်ဆင်ထားပြီးပြီ။]
[ငါ့စိတ်တွေက အရမ်းရှုပ်ထွေးနေတာ သူကြောက်လန့်သွားလိမ့်မယ်လို့ မျှော်လင့်တယ်။]
ယဲ့ရှုယန်က "ငါမကြောက်ဘူး။ ဆက်ပြီးတော့ သင်ယူချင်နေသေးတယ်။ ငါ့သတို့သမီးလောင်းက တခြားသူတွေထက် ပိုပြီးတော့ ထက်မြက်ပြီး လိမ္မာပါးနပ်တယ်"
…
နောက်ပိုင်းတွင် သူငယ်ချင်းဖြစ်သူက စေ့စပ်ပွဲ ဖျက်သိမ်းရန် မစောင့်နိုင်တော့သဖြင့် မေးလာသည်။
“မင်း ဘယ်တော့ ဖျက်တော့မလဲ”
ယဲ့ရှုယန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
“မဖျက်ဘူး။ သူက ငါ့ကို သိပ်ချစ်တာ။ ငါမရှိရင် သူ အသက်ရှင်မှာမဟုတ်ဘူး”
“သူက ငါ့ကို သိပ်ချစ်တာ”၊ “သူက ငါ မရှိရင် အသက်ရှင်မှာမဟုတ်ဘူး” ဆိုသည့် အတွေးများကြားတွင် စိတ်မရှည်သော အသံတစ်ခုက အလွန်ကျယ်လောင်စွာ ပေါ်လာသည်။
[သရဲပဲ နင့်ကို ချစ်… ဒီလူယုတ်မာ၊ မြန်မြန် ဖျက်လိုက်စမ်းပါ။ ငါ့ရဲ့လွတ်လပ်မှုကို ပြန်ပေး။]
လူတိုင်းသည် အေးစက်သော မျက်နှာရှိသည့် ထိုယောက်ျားက ရုတ်တရက် ပြုံးလိုက်ပြီး ပြောလာတာကို တွေ့လိုက်ရသည်။
“ဖြစ်နိုင်ရင် အမြန်ဆုံး လက်ထပ်ချင်တယ်”
ထန်နွမ်မသိလိုက်သည့်အချက်မှာ အခြားသူများ၏ အတွေးကို ဖတ်နိုင်သည့် အကွာအဝေးသည် သုံးမီတာသာ ဖြစ်သော်လည်း သူမ၏ အတွေးများကိုမူ မီတာတစ်ရာအထိ ဖတ်နိုင်သည့် ဟူသည့်အချက်ပင်။
ဤဝတ္ထုသည် လောကအကြောင်းကို သိမြင်ပြီးတစ်ကိုယ်ကောင်းဆန်သော အမျိုးသမီးဇာတ်ဆောင်နှင့် စိတ်ထားအေးစက်ပြီး လက်စားချေတတ်သော အမျိုးသားဇာတ်ဆောင်တို့အကြောင်း ဖြစ်သည်။
🍑🍑🍑🍑🍑
Hello Readerလေးတို့ရေ ဒီနေ့လဲ completed ဖြစ်သွားတဲ့ Erata Teamရဲ့ "စိတ်ဖတ်နိုင်တဲ့ သတို့သား" ဆိုတဲ့ novel လေးကိုကြေညာပါရစေ
အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Descriptionလေးပါထည့်ပေးထားပါတယ်ရှင်
ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင်
👇
https://mmstoryteller.com/novel-660-chapters

