MM Storyteller Website: post #938 — TG.ME

ပြန်လည်မွေးဖွားပြီးနောက်ဖရဲသီးစနစ်ဖြင့်ချိတ်ဆက်မိခြင်း

Description

လီရှန်း အရွယ်ရောက်ကြီးပြင်းလာချိန်တွင် အပြင်ဘက် မျက်နှာထားချိုသာကာ အတွင်းပိုင်း၌ ခါးတူးလွန်းသည့် မိထွေးဖြစ်သူက သူမကို ဆက်လက်ကြီးထွားခွင့်ပေးချင်စိတ်မရှိတော့ချေ။

သူမက လီရှန်း၏ ဖခင်အရင်းဖြစ်သူထံတွင် လီရှန်းအတွက် သတို့သားတစ်ယောက် ရှာပေးရန် လှုံ့ဆော်ပေးလာခဲ့သည်။

မိထွေးဖြစ်သူမှ လီရှန်းအတွက် စိတ်ကျေနပ်စရာ မကောင်းလှသည့် လူတချို့ကို ရှာဖွေပြီးနောက်တွင်တော့ သူမ၏ဖခင်အရင်းဖြစ်သူမှာ သူမ၏ မိထွေးဖြစ်သူကြောင့် လူတိုင်းဆီမှ လှောင်ပြောင် ကြိမ်းမောင်းခြင်းကို ခံခဲ့ရတော့သည်။

လီရှန်းတစ်ယောက် ပညာတတ်လူငယ်များက ကျေးလက်ဒေသကို သွားကြရမည်ဖြစ်ကြောင်းကို မတော်တဆ ကြားခဲ့ရသည်။

ထို့နောက် သူမထက် နှစ်နှစ်ငယ်သည့်ဝမ်းကွဲထံမှလည်း တချို့သောအကြောင်းများကို သိခဲ့ရပြန်သည်။

*

သူမက ဘေးဘက်အိမ်မှ ဆေးဝါးစက်ရုံတွင် အလုပ်လုပ်သော စူးမိသားစုမှ အငယ်ဆုံးသားကို ချက်ချင်း သဘောကျမိသွားခဲ့ပြီး လက်ထပ်မှတ်ပုံတင်စာချုပ်ကို အလျှင်အမြန် သွားယူလိုက်လေသည်။

သူမ၏ အိမ်ထောင်ရေးက ရှုပ်ထွေးနေလိမ့်မည်ဟု သူမ ထင်ခဲ့သော်လည်း လတ်ဆတ်သည့်အရသာကို ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ထားပါချေ။

စူး မိသားစု၏ အကြီးဆုံးမရီးမှာ မိထွေးဇာတ်လမ်း၏ ဇာတ်လိုက်မဖြစ်နေခဲ့သည်။

ဒုတိယမရီးသည်ကား ပြန်လည်မွေးဖွားခြင်းဇာတ်လမ်း၏ ဇာတ်လိုက်မဖြစ်နေခဲ့ပြန်သည်။

အငယ်ဆုံးယောက်မလေးကတော့ အချိန်ခရီးသွားဇာတ်လမ်း၏ ဇာတ်လိုက်မဖြစ်နေပေသည်။

တစ်ယောက်ချင်းစီရဲ့ ဇာတ်လမ်းက ချိုမြိန်ပြီး မွှေးပျံ့လွန်းတယ်။

လီရှန်း ဖတ်ရင်းနှင့် မရပ်တန့်နိုင်တော့ဘူး!

*

လီရှန်းတစ်ယောက် ဖရဲစေ့ကို စားရင်း စိတ်ထဲတွင် တွေးတောလိုက်သည်။

သူမ၏ ခင်ပွန်းသည်က ပျင်းရိပြီး ရှက်ကြောက်တတ်သူတစ်ဦးဖြစ်သည်။ သူမသည်လည်း ရှက်ရွံ့ကာ ကြောက်တတ်ပြီး သူရဲဘောကြောင်သေးသည်။

သူမအနေဖြင့် အမျိုးသမီးဇာတ်လိုက်မများကို ကောင်းကောင်းကြီး တွယ်ကပ်ထားမည်ဆိုပါက အနာဂတ်တွင် ကောင်းမွန်သောဘဝကို ခံစားနိုင်ပေလိမ့်မည်။

သူမ ထိုသို့တွေးတောရင်းဖြင့် အခန်းထဲသို့ ပျော်ရွှင်စွာ ပြန်သွားခဲ့သည်။

သို့သော်လည်း သူမ တံခါးဖွင့်လိုက်သည်နှင့် ဖြူစင်ရိုးရှင်းပြီး ချစ်စရာကောင်းလွန်းသည့် သူမ၏ ခင်ပွန်းသည်က စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး မျက်လုံးထဲတွင် မျက်ရည်များအပြည့်နှင့် စာဖတ်နေသည်ကို မြင်ရလိမ့်မည်ဟုတော့ သူမ မျှော်လင့်ထားခဲ့ပါချေ။

သူက အော်ဟစ်နေခဲ့သေးသည်။

"ဝူးဝူး... အသားပဲစားချင်တာ... စာမကျက်ချင်ဘူး!"

ထို့နောက် လီရှန်းတစ်ယောက် စက်သံတစ်ခုကို ကြားလိုက်ရတော့သည်။

[မင်းအနေနဲ့ တာဝန်ကို မပြီးမြောက်နိုင်ဘူးဆိုရင် ရုတ်တရက် သေဆုံးသွားရလိမ့်မယ်]

အိုး ဘုရားရေ!

သူတို့ရဲ့ တတိယအိမ်ကလည်း ချမ်းသာကြွယ်ဝလာတော့မှာလား?

🍑🍑🍑🍑🍑


Hello

Reader လေးတို့ရေ ...

ဒီနေ့လဲ completed ဖြစ်သွားတဲ့ LuciousKim ရဲ့ "ပြန်လည်မွေးဖွားပြီးနောက်ဖရဲသီးစနစ်ဖြင့်ချိတ်ဆက်မိခြင်း" ဆိုတဲ့ novel လေးကိုကြေညာပါရစေ

အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင်

ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင်
👇👇👇👇👇

https://mmstoryteller.com/novel-539-chapters

💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 5 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ်

💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖

အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ်

အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️

THANK U 💙

www.mmstoryteller.com

🌸🌸🌸🌸🌸
❤2
July 12, 2026 638 3 1