MM Storyteller Website: post #937 — TG.ME

အမတအရှင်ရေ မင်းဇာတ်ညွှန်းကြီးကလွဲနေပြီနော်

🍐 Intro

ထိုက်ချင်းဂိုဏ်း၏ မသေမျိုးအရှင်သခင် ချူရှုယွင်မှာ နတ်ဆိုးသခင် ယွီချန်ထံမှပြန်ပေးဆွဲခြင်းကို ခံလိုက်ရလေသည်။

ကောလာဟလများအရ မသေမျိုးအရှင်သခင်နှင့် နတ်ဆိုးသခင်တို့ကြားတွင် အတင်းအဓမ္မ ဒူးထောက်ခိုင်းကာ အရှက်ခွဲခဲ့ဖူးသော ရန်ငြိုးဟောင်းတစ်ခု ရှိခဲ့ဖူးသည်ဟု ဆိုကြ၏။

ယွီချန်မှာ ချူရှုယွင်အား အရိုးထဲစွဲနေအောင် မုန်းတီးနေခဲ့သည်မို့ ယခုတစ်ခါ ပြန်ပေးဆွဲခြင်းမှာလည်း ထိုနှစ်က ရရှိခဲ့သည့် အရှက်ကွဲမှုများကို အဆတစ်ရာမက ပြန်ပေးဆပ်ခိုင်းရန်သာ ဖြစ်လိမ့်မည်ဟု အားလုံးက ခန့်မှန်းနေကြတော့သည်။

အချို့ကလည်း ယွီချန်မှာ အယုတ်မာဆုံး နည်းလမ်းများကိုအသုံးပြု၍ ချူရှုယွင်၏ကျင့်စဉ်များကို အလုံးစုံဖျက်ဆီးပစ်ကာ အိပ်ယာထက်မှ ကစားစရာအရုပ်လေးတစ်ရုပ်နှယ် သဘောထားနေသည်ဟု ဆိုကြပြန်၏။ ထိုသတင်းကို ကြားရသည့်သူတိုင်း မသနားဘဲ မနေနိုင်ကြချေ။

နတ်ဆိုးနန်းတော်ထဲက နူးညံ့လှသော ကုတင်ထက်တွင်...

ချူရှုယွင်အား ယွီချန်အေးစက်စက် စိုက်ကြည့်ရင်း သူ့အောက်တွင် ဖိထားလေသည်။

"မင်း ငါ့ကို မုန်းလား ချူရှုယွင်၊ ငါက မင်းအတွက် ဘာတွေများ မပြည့်စုံနေလို့လဲ ? ဘာလို့ ငါ့ကို လှည့်မကြည့်ရတာလဲ"

လူမဆန်စွာ နှိပ်စက်ခံနေရပြီး နာကျင်မှုများကြားထဲ ကျရောက်နေတာ ရုပ်ပျက်နေလောက်ပြီဟု ကောလာဟလများ ထွက်နေသော ချူရှုယွင်မှာမူ မျက်နှာလေး နီရဲနေကာ နားရွက်လေးများပင် ပူထူနေပြီး ကုတင်ထက်တွင် မိန်းနေလေသည်။ ယွီချန်က မေးစေ့ကို အတင်းဆွဲကိုင်ကာ သူ့မျက်နှာကို ကြည့်ခိုင်းထားခဲ့၏။

သို့သော်လည်း အတော်လေး သက်တောင့်သက်သာ ဖြစ်နေဟန်ရှိသည်။

သူ ဒီအရာကို အရမ်းသဘောကျနေမိပြီပင်။

ပြီးတော့ အရမ်းကောင်းတယ်

"အခြားလူတွေကို တွေးနေတုန်းပဲလား"

ယွီချန် မျက်ဝန်းများအနည်းငယ် မှောင်မိုက်သွားပြီး ချူရှုယွင်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ရင်း နာကျင်စွာဖြင့် မေးလိုက်သည်။

"မင်းရဲ့တပည့်ကို တွေးနေတာလား ဒါမှမဟုတ် ဓားနတ်ဘုရားဆိုတဲ့ မင်းသူငယ်ချင်းကိုလား ဒါမှမဟုတ် နတ်ဆိုးမျိုးနွယ်က မကောင်းဆိုးဝါးကောင်ကို တွေးနေတာလား"

ချူရှုယွင် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်သွားတော့သည်။

တကယ်တော့...ညစာ ဘာစားရမလဲဆိုတာကိုသာ သူ တွေးနေခြင်းဖြစ်၏။ နတ်ဆိုးနန်းတော်မှ အစား အသောက်များကို ထိုက်ချင်းဂိုဏ်းထက် ပိုကောင်းပါစေဟုဆုတောင်းနေမိလေသည်။
တရုတ်နံနံပင်တွေသာ မပါဘူးဆိုရင် ပိုကောင်းလောက်မှာပါလေ...

*ဤဇာတ်လမ်းကို နတ်ဆိုးသခင်၏ စစ်သည်တော်များနှင့် မြင်းများ၊ တိတ်တခိုးအချစ်က တကယ်ဖြစ်လာပေမဲ့ အပြည့်အဝတော့ မဟုတ်သေးဘူးစသည့် အမည်များဖြင့်လည်း လူသိများပါသည်။*

နတ်ဆိုးသခင် × အပေါ်ယံတွင် အေးစက်စက်နှင့် ခံစားချက်ကင်းမဲ့သော အရှင်သခင်ဖြစ်ပေမယ့် ထင်ရသော်လည်း တကယ်တမ်းတွင် တုံးအအနှင့် ချစ်စရာကောင်းသော အလှလေး။

ချူရှုယွင်မှာ စကားနည်းလွန်းသောသူဖြစ်ကာ ပြောရန်မလိုအပ်ပါက လုံးဝမပြောဘဲ နှုတ်ဆိတ်နေတတ်သော လူစားမျိုးဖြစ် သည်။ ယင်းမှာ စကားမပြောသည့်အပြင် အနည်းငယ်လည်း အဝေးမှုန်နေသည့်အတွက် လူတိုင်းက သူ့အား အေးတိအေးစက်နိုင်လွန်းသည်ဟု ထင်ကြလေသည်။

ရိုင်းစိုင်းသော အင်မော်တယ် (အမှန်တော့ အနေအေးပြီး အပြစ်ကင်းသည့်သူ)က သူ့အား တိတ်တခိုးချစ်မြတ်နိုးနေသည်မှာ ကြာပြီဖြစ်၏။

ချူရှုယွင်မှ သူ့အား နတ်ဆိုးကျင့်ကြံသူဖြစ်နေလို့ အထင်သေးနေသည်ဟု အမြဲထင်မှတ်ထားလေသည်။ သနားစရာခွေးပေါက်လေးကနေ အမည်းရောင်ပြောင်းသွားပြီးနောက် ချူရှုယွင်ကို အတင်းအကျပ် လုယူဖို့ကြိုးစားတော့လေသည်။ သို့သော်လည်း သူ့ဇနီးက အလွန်ကိုပူးပေါင်းပါဝင်ပေးသဖြင့် အစီအစဉ်ကျရှုံးသွားခဲ့ကာ ဇနီးလေးကိုအလိုလိုက်လွန်းပြီး ဦးနှောက်မရှိသော သူတစ်ယောက်အဖြစ် ပြောင်းလဲသွားရ‌ တော့လေသည်။

[ အထူးသတိပြုရန် - တိုက်ခိုက်သူ (Gong) နဲ့ လက်ခံသူ ( Shou) မှာ ဆရာတပည့်ဆက်ဆံရေးမျိုး မဟုတ်ကြပါ]

🍑🍑🍑🍑🍑


Hello

Reader လေးတို့ရေ ...

ဒီနေ့လဲ completed ဖြစ်သွားတဲ့ Xiao Nuhai ရဲ့ "အမတအရှင်ရေ မင်းဇာတ်ညွှန်းကြီးကလွဲနေပြီနော်" ဆိုတဲ့ novel လေးကိုကြေညာပါရစေ

အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင်

ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင်
👇👇👇👇👇

https://mmstoryteller.com/novel-628-chapters

💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 5 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ်

💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖

အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ်

အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️

THANK U 💙

www.mmstoryteller.com

🌸🌸🌸🌸🌸
❤‍🔥2
July 10, 2026 695 7