𝖫𝗂𝗍𝖾𝗋𝖺𝗋𝗒 𝖬𝗂𝗇𝖽𝗌𝖼𝖺𝗉𝖾: post #6476 — TG.ME

သမိုင်းဆိုတာ အောင်နိုင်သူတွေသာ ရေးထိုးခွင့်ရတဲ့စာမျက်နှာသစ်တစ်ခုပါပဲ။ လူတွေဟာ သမိုင်းစာအုပ်တွေ၊ သင်ခန်းစာတွေထဲမှာ မကြားဖူးဘူးဆိုတိုင်း လက်တွေ့သမိုင်းဖြစ်ရပ်မှန်တစ်ရပ်ကို သတိထားမိမယ့်မထင်ပါဘူး။ လက်ရှိပြဿနာကအနာဂတ်ရဲ့သမိုင်းဖြစ်သွားတတ်တာကြောင့် တချို့လူတွေကမိမိတို့အတွက်ရုပ်ဆိုးအကျဉ်တန်တဲ့ သမိုင်းတွေကိုဖျောက်ခဲ့ကြသည်မှာလည်း များခဲ့လှ၏။ သို့သော်သူတို့ဟာဘယ်လိုဘဲ ဖျောက်ဖျက်နိုင်ကြပါစေ သမိုင်းဆိုတာနောက်ဆုံးပြန်လည်ဖော်ထုတ်ခံရမည်မလွဲပါ။ ဒီလိုအဖျောက်ဖျက်ခံရတဲ့သမိုင်းတွေထဲမှာ အံ့ဩစရာကောင်းအောင် ကမ္ဘာပေါ်ကဒီမိုကရေစီနိုင်ငံကြီးတစ်ခုဖြစ်တဲ့အမေရိကန်ရဲ့ သမိုင်းပါပဲ။ ဒီသမိုင်းတစ်ခုဟာလည်း ယနေ့ထိဖျောက်ဖျက်ခံရထားရသလို အမေရိကန်အစိုးရကိုယ်တိုင်းကဖုံးဖိထားမယ်ဆိုလျှင် မယုံနိုင်လောက်ပေ။ အဲဒီသမိုင်းဟာ၁၉၂၁ခုနှစ် ဖြစ်ပေါ်ခဲ့တဲ့ တူလ်ဆာလူမျိုးရေးအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပါပဲ။
❤5❤‍🔥1
August 9, 2026 108