𝖫𝗂𝗍𝖾𝗋𝖺𝗋𝗒 𝖬𝗂𝗇𝖽𝗌𝖼𝖺𝗉𝖾: post #6472 — TG.ME

𝖫𝗂𝗍𝖾𝗋𝖺𝗋𝗒 𝖬𝗂𝗇𝖽𝗌𝖼𝖺𝗉𝖾လူအတော်များများဟာ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရုံနဲ့ သူတို့ရဲ့ဘဝတွေကို ပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် အနာဂတ်ကို အမှန်တကယ်ဆုံးဖြတ်ပေးတဲ့အရာက ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု မဟုတ်ဘဲကျွန်ုပ်တို့ရဲ့နေ့စဉ် ကျင့်သုံးနေတဲ့ သေးငယ်တဲ့အလေ့အကျင့်လေးတွေပါပဲ။…
သင့်တို့၏ဘဝကို ကံတရားကပုံဖော်ပေးတာမဟုတ်ဘဲ သင့်တို့၏အလေ့အကျင့်တွေကဖန်တီးပေးခြင်းသာဖြစ်ပါတယ်။

လူအတော်များများဟာ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရုံနဲ့ သူတို့ရဲ့ဘဝတွေကို ပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် အနာဂတ်ကို အမှန်တကယ်ဆုံးဖြတ်ပေးတဲ့အရာက ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု မဟုတ်ဘဲကျွန်ုပ်တို့ရဲ့နေ့စဉ် ကျင့်သုံးနေတဲ့ သေးငယ်တဲ့အလေ့အကျင့်လေးတွေပါပဲ။

-အရစ္စတိုတယ်


အမြော်အမြင်ကြီးမားသူ အရစ္စတိုတယ်က‌ ဒီလောကကြီးမှာ ကျွန်တော်တို့အားလုံးရဲ့လုပ်ရပ်အများစုဟာ အလိုအလျောက်ဖြစ်တည်နေကြောင်းကို သူကသတိပေးခဲ့ပါတယ်။ ဒီနေ့ကျွန်‌တော်တို့ ထပ်ခါတလဲလဲလုပ်ဆောင်နေတာတွေက ကျွန်‌တော်တို့ရဲ့ စရိုက်လက္ခဏာတွေကိုတဖြည်းဖြည်းချင်းစီ ပုံသွင်းပေး‌နေတာဖြစ်တယ်။ အဲဒီစရိုက်တွေကနေ ကျွန်တော်တို့တွေဟာမိမိရဲ့ ဆုံးဖြတ်ချက်တွေကို အဆုံးအဖြတ်ပေးနိုင်ပြီး ထိုဆုံးဖြတ်ချက်တွေကဘဲ ကျွန်တော်တို့ဘဝရဲ့ ဦးတည်ရာလမ်းကြောင်းကို သတ်မှတ်ပေး‌သွားမှာဖြစ်တယ်။

အကယ်လို့များကျွန်တော်တို့က နေ့စဉ်နဲ့အမျှကိုယ်လုပ်ရမယ့် အလုပ်တွေကို ရွှေ့ဆိုင်းနေမယ်၊ ညည်းညူနေမယ် ဒါမှမဟုတ် ဖြတ်လမ်းတွေကိုသုံးဖို့ နည်းလမ်းတွေကို ရှာဖွေနေမယ်ဆိုရင်တော့ ကိုယ်ကိုကိုယ်တိုးတက်မယ့်ရလဒ်တွေက သိပ်ပြီးမပြောင်းလဲမှာမဟုတ်ဘူးဆိုတာကိုတော့ အံ့သြစရာမရှိပါဘူး။ ဒီအတွက် ကျွန်တော်တို့က ဆန့်ကျင်ဘက်အနေနဲ့ စည်းကမ်းရှိရမယ်၊ စာဖတ်ရမယ်၊ သင်ယူလေ့လာမှု‌တွေလုပ်ရမယ်...ဒီအ‌လေ့အထတွေကိုတစိုက်မတ်မတ်လုပ်ခြင်းက ရေတိုကာလမှာတော့ အရေးမပါဘူးလို့ထင်ရပေမယ့် သူတို့ရဲ့အကျိုးသက်ရောက်မှုတွေက ရေရှည်ကာလနှစ်ပေါင်းများစွာကြာလာတာနဲ့အမျှ သိသိသာသာကောင်းကျိုးခံစားရပါလိမ့်မယ်။
ဒါကြောင့် အောင်မြင်တဲ့သူတွေဖြစ်ဖို့ဆိုရင် စိတ်အားထက်သန်မှုဟာ မြင့်မား‌နေဖိုထက် မိမိအတွက်ပိုကောင်းတဲ့ အလေ့အကျင့်တွေ ရှိဖို့လိုအပ်ရုံပါပဲ။ ကျွန်တော်တို့ဟာ မိမိရေးခြယ်တဲ့အနာဂတ်ဆိုတာကို တိုက်ဆိုင်မှုတွေက‌နေတဆင့် ဖြစ်တည်လာတာမျိုး မဟုတ်ဘဲ...မိမိရဲ့အကျင့်စရိုက်တွေကို မိမိကိုယ်ပိုင်တစ်ဦးတစ်ယောက်ကပဲဖာသိဖာသာ ကျင့်ယူပြီး မိမိရဲ့ကံကြမ္မာကို ကိုယ်တိုင်းဘဲအလေ့အထတွေနဲ့‌ ရေးခြယ်‌နေတဲ့‌ လေ့ကျင့်မှုရဲ့ထပ်ခါထပ်ခါ ဖြစ်တည်နေတာသဘောမျိုးဖြစ်၏။

-RAIDEN KT
Historian
#Kyawthet #History #RAIDEN_KT
❤7❤‍🔥1
July 20, 2026 241 1