လူပြောများပြီး လူတွေရဲဲ့အမြင်မှာ တကယ်တမ်းအထင်မှားတတ်တဲ့ Vlad the Impalerရဲ့အကြောင်းကိုပြောရရင် သူကို ဒရက်ကူလာဆိုတဲ့ နာမည်နဲ့ အတူ သွေးဆာတတ်တဲ့ အုပ်စိုးရှင်လို့ အများက မှတ်ယူထားကြပါလိမ့်မယ်။ ဒါပေမယ့် တကယ့်သမိုင်းအထောက်အထားနဲ့ဆိုရင် ကျွန်တော်တို့ခဗျာတို့ထင်ထားတာနဲ့ လုံးဝတခြားစီဖြစ်နေပါတယ်။ ဘာလိုဆိုရင်သမိုင်းမှတ်တမ်းတွေထဲမှာ Vlad the Impalerက စိတ်ကူးယဉ်ဆန်ဆန် ဒရက်ကူလာတစ်ကောင်မဟုတ်ဘဲ သူက ၁၅ရာစုကWallachiaနိုင်ငံကို အုပ်ချုပ်တဲ့ မင်းသားတစ်ပါးဖြစ်နေတာကြောင့်ပါ။ လူတွေကသူကိုဒရက်ကူလာလို့ဘာကြောင့်ယူဆသလဲဆိုရင် သူခေတ်သူအခါက နိုင်ငံအုပ်ချုပ်တဲ့နေရာမှာသူက ရန်သူတွေအပေါ်အရမ်းရက်စက်ပြီး အာဏာရှင်ဆန်သွားတာကြောင့် ဒရက်ကူလာဆိုတဲ့အမည်နဲ့ သရော်ထားခြင်းသာဖြစ်ပါတယ်။ ဒါပေမယ့်လူအများစုက သူကို အရမ်းရက်စက်တဲ့ လူသတ်သမားလို့ဘဲမြင်ရပေမယ့် တကယ်တမ်းမှာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုရဲ့ သမိုင်းနဲ့ကြည့်ရင် ၁၅ရာစုဆိုတဲ့ကာလမှာ အင်ပါယာကြီးတွေက နိုင်ငံငယ်တွေကိုမတရားနယ်ချဲ့သိမ်းသွင်းပြီး အင်အားကြီးသူသာအနိုင်ကျင့်တဲ့ ကာလဖြစ်နေတာကြောင့် မိမိရဲ့Wallachiaနိုင်ငံငယ်လေးကို မတရားကျူးကျော်ဖို့ကြိုးစားနေတဲ့ အော်တိုမန်အင်ပါယာကို ခုခံဖို့အတွက် ရန်သူတွေအပေါ် ရက်စက်တဲ့လုပ်ရက်တွေကို လက်နက်တစ်ခုလို့ အသုံးချပြီးသူနိုင်ငံကိုကာကွယ်ခဲ့တာဖြစ်တယ်။ လူတွေသူကို ရက်စက်တဲ့အာဏာရှင်ဘဲပြောပြော သွေးဆာတဲ့ ဒရက်ကူလာဘဲပြောပြော သူနိုင်ငံသားတွေအတွက်ကတော့ သူဟာ မိမိနိုင်ငံကိုကျူးကျော်လာသမျှရန်သူတွေကို ရွပ်ရွပ်ချွံချွံ ခုခံကာကွယ်ပေးတဲ့ သူရဲကောင်းတစ်ဦးပါပဲ။
သူနဲ့ပတ်သက်ပြီးအငြင်းပွားစရားအချက်တစ်ခုပြောရရင် သူကမေတ္တာတရားခေါင်ပါးသူလားလို့ဆိုပြန်ရင်လည်း မဟုတ်ရပြန်ပါဘူး။ ဘာကြောင့်အခုလို့ပြောရသလဲဆိုရင် သူရဲ့နံမည်ကျော်Impalement(လှံထိုးစိုက်သတ်ဖြတ်ခြင်းဥပဒေ)ဥပဒေကို သူကပျော်လို့လုပ်တာမဟုတ်ဘဲ သူအုပ်ချုပ်တဲ့အခါကာလမှာ ခိုးဆိုးလုယက်သူတွေ နိုင်ငံသစ္စာဖောက်တွေနဲ့ ကျူးကျော်သူတွေကို သူကကြောက်လန့်သွားအောင် ပြင်းပြင်းထန်ထန် အပြစ်ပေးတဲ့ အနေနဲ့ သူချမှတ်ထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဒီစနစ်ကြောင့်လည်း သူအုပ်ချုပ်တဲ့ကာလအတွင်းမှာသူရဲ့နိုင်ငံအတွင်းမှာ ပြစ်မှုကျူးလွန်သူတွေနည်းပါးလာပြီး သူနိုင်ငံသားတွေကImpalementစီရင်မှုကို စည်းကမ်းတင်းကျပ်ပြီးအပြစ်စီရင်တဲ့ စနစ်တစ်ခုအဖြစ်မြင်လာကြပါတယ်။ နောက်ဆုံးအနေဖြင့်အနှစ်ချုပ်ရလျှင် Vlad the Impalerကို လူအများစုက ဒရက်ကူလာအဖြစ် မြင်နေရခြင်းရဲ့အဓိကအချက်မှာ သူရဲ့အုပ်ချုပ်မှုကာလအတွင်းနိုင်ငံရေးအရအကြမ်းဖက်တွေ သွေးစွန်းမှုတွေကြောင့်သာ သူကိုလူတွေကစိတ်ကူးယဉ်ဆန်ဆန် ဒရက်ကူလာCharacterအဖြစ်ပုံဖော်ခံထားရခြင်းပင်ဖြစ်ပါတယ်။ သို့သော်တကယ်ဖြစ်ရပ်မှန်အရကြည့်လျှင် သူဟာ နိုင်ငံအတွက်အသက်စွန့်ကာကွယ်ခဲ့သူအဖြစ်သတ်မှတ်လျှင်လုံးဝမှားမယ်မထင်ပါဘူး။ ဒါပေမယ့် သူကသမိုင်းထဲမှာသူလုပ်ခဲ့တဲ့ အမှားအယွင်းတွေကြောင့်ဘဲ သူကိုရက်စက်တဲ့သူအဖြစ် နာမည်ပျက်ပြီးကျန်ရစ်ခဲ့ရတဲ့ သူရဲကောင်းပုဂ္ဂိုလ်တစ်ဦးသာဖြစ်ပါတော့သည်။
-RAIDEN KT
Historian
#RAIDEN_KT #Kyawthet #History #Vlad_the_Impaler
6
1July 7, 2026 190