အမေရိကန်ပြည်ထောင်စုအတွက်ကောင်းမွန်သော သာဓကတစ်ခုကိုပြောရမည်ဆိုလျှင် ကျွန်ုပ်တို့၏လွတ်လပ်ရေးကြေညာစာတမ်းပါ လူပြောသူပြောများလှသည့် လူသားအားလုံးသည် တန်းတူရည်တူ ဖန်ဆင်းခံထားရသည် ဟူသော စာသားအပေါ် လူတိုင်းအတွက် သိသိသာသာအဓိပ္ပာယ်ဖွင့်ဆိုထားသည့် လူကြိုက်များသောစကားလုံးလှလှတစ်ခုမျှသာဖြစ်သည်။
ထိုစာသားကို စတင်ရေးသားခဲ့စဉ်က ၎င်းတွင် ကန့်သတ်ချက်ရှိသော နိုင်ငံရေးဆိုင်ရာ အဓိပ္ပာယ်သက်ရောက်မှုသာ ရှိခဲ့သည်။ ဒီနိုင်ငံ၌တော်လှန်ပုန်ကန်ခဲ့ကြသည့် ကိုလိုနီအခြေချနေထိုင်သူများ၏ စိတ်ထဲ၌ ရှိခဲ့သည့်စိတ်ရင်းအမှန်တကယ်မှာ ၎င်းတို့သည်လည်း ပင်လယ်တစ်ဖက်ကမ်းရှိ သွေးရင်းသားရင်း အင်္ဂလိပ်လူမျိုးများနည်းတူ အဆင့်အတန်းရှိသော အင်္ဂလိပ်လူမျိုးများဖြစ်သည်ဟု အခိုင်အမာဆိုလိုခြင်းမျှသာ ဖြစ်သည်။
၎င်းသည် အခြေခံအားဖြင့် ပါတီစွဲ အုပ်စုစွဲဆိုင်ရာစစ်ပွဲကြေငြာစာတမ်းတွင် ထိရောက်သော နှုတ်တိုက်ပြောဆိုမှုတစ်ခုဖြစ်သည်။ ဥပမာအားဖြင့် နီဂရိုးများနှင့် အင်ဒီယန်းလူမျိုးများအပေါ် အထက်ပါ လူသားအားလုံးသည် တန်းတူရည်တူ ဖန်ဆင်းခံထားရသည် ဟူသော ကြေငြာချက်ကို ကျင့်သုံးရန် အတွေးသည် ၎င်းတို့၏ ခေါင်းထဲသို့ ဘယ်သောအခါမှ ဝင်ရောက်လာခြင်း မရှိပေ။
-Lothrop Stoddard
#RAIDEN_KT #Kyawthet

4July 2, 2026 196