ပြောချင်တာက အခုမှ လာမှာ။ မြန်မြန်နိုင်ငံမှာ ချမ်းသာသူတွေက ဝင်ငွေကောင်းတဲ့လုပ်ငန်းတွေက အမြတ်ငွေတွေသုံးပြီး သားသမီးကို နိုင်ငံခြားကျောင်းပို့တယ်၊ ကုန်တာက ဒေါ်လာ သိန်းချီ။ ကျွန်တော်က မြန်မြန်နိုင်ငံက လုပ်ငန်းထားခဲ့တော့ ဝင်ငွေ မရှိ။ သားသမီးတွေကို အမေရိကားမှာ ကျောင်းထားတယ်။ ကုန်ကျငွေက ဒေါ်လာ ဇီးရိုး။
အသီးအပွင့် စားရတာချင်း အတူတူပေမယ့် ကျွန်တော့အပင်တွေက အမေရိကားမှာ စိုက်တာ၊ မြေခံ ရေခံ ကောင်းတယ်။ ပညာရေးအခြေခံက ဥတု ၃ ပါးဒဏ်ခံနိုင်တယ်။ စိတ်ဓာတ်က တစ်ကိုယ်ရေ မကြည့်ဘူး၊ အများကို ကြည့်တယ်။ အတွေးအခေါ်တွေက လူနဲ့တူတယ်။ စဉ်းစားပုံက မျှတတယ်။ သူနဲ့ကိုယ်နဲ့ အဖြစ်ချင်းမတူ ကိုယ်ချင်းစာတတ်တယ်။ ဥယျာဉ်မှူးမိဘ ၂ ပါးအနေနဲ့ မခူးရက် မဆွတ်ရက် ပီတိဖြစ်မိပါတယ်။
#KNNTgi
09-08-2024
62
19
2September 9, 2024 7.1K 1