ရှယ်ကြမ်း ရုံတင်စစ်ကားသစ်ကြီး ------------------- ဇာတ်လမ်းအစကတော့… — တရုတ်တစ္ဆေဇာတ်ကားကောင်းများ တရုတ်သရဲဇာတ်ကားများ သွေးစုပ်ဖုတ်ကောင်ကား — TG.ME

Forwarded fromSUSupport Channel
ရှယ်ကြမ်း ရုံတင်စစ်ကားသစ်ကြီး
-------------------
ဇာတ်လမ်းအစကတော့ အထူးစစ်ဆင်ရေးတစ်ခုမှာ လျှို့ဝှက်ကယ်ဆယ်ရေးမစ်ရှင်တစ်ခု အလွဲကြီးလွဲသွားရာကနေ စပါတယ်။ ဒီမစ်ရှင်မှာ ပါဝင်ခဲ့တဲ့ Navy SEALs အထူးတပ်ဖွဲ့ဝင်ဟောင်း (၄) ယောက်ဟာ မထင်မှတ်ဘဲ ဖမ်းဆီးခံလိုက်ရပြီး မြေအောက်ကမ္ဘာရဲ့ ကြောက်မက်ဖွယ် မရဏသတ်ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ဖို့ အတင်းအကျပ် ဖိအားပေးခံရပါတော့တယ်။

ဒီကစားပွဲကို နောက်ကွယ်ကနေ ထိန်းချုပ်ကြည့်ရှုနေကြတာကတော့ လူ့အသက်ကို ပုရွက်ဆိတ်လို သဘောထားပြီး ပိုက်ဆံပေါလွန်းလို့ ရူးသွပ်နေကြတဲ့ ဘီလီယံနာ သူဌေးကြီးတွေပါပဲ။

လက်နက်ဆိုလို့ တစ်လက်မှမပါ၊ ထွက်ပြေးစရာ လမ်းစဆိုလို့ တစ်ပေါက်မှမရှိတဲ့ ပိတ်လှောင်နေတဲ့ အနေအထားမှာ... ဒီ အထူးတပ်ဖွဲ့ဝင် ၄ ယောက် ဘာဆက်လုပ်ကြမလဲ။
❤2
September 6, 2026 507