မင်းသားကြီးအမီတာဘချမ်းရဲ့ မြေးဖြစ်သူ အာဂတ်စ်ယာနန်ဒါရဲ့… — တရုတ်တစ္ဆေဇာတ်ကားကောင်းများ တရုတ်သရဲဇာတ်ကားများ သွေးစုပ်ဖုတ်ကောင်ကား — TG.ME

Forwarded fromSUSupport Channel
မင်းသားကြီးအမီတာဘချမ်းရဲ့ မြေးဖြစ်သူ အာဂတ်စ်ယာနန်ဒါရဲ့
အဓိကဇာတ်ဆောင်အနေနဲ့ ထွက်ရှိလာခဲ့တဲ့ ၁၉၇၁ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲကို

အခြေခံထားတဲ့ ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။

၂၀၂၅မှာ ရုံတင်ဖို့လုပ်ခဲ့ပေမဲ့ ၂၀၂၆မှပဲ ရုံတင်ခဲ့ပြီး ဝင်ငွေရူပီး၄၅ကုဋေကျော်ရခဲ့တဲ့ရုံတင်ကားကြီးပါ။

Ikkis - ၂၁တဲ့။ ၂၁နှစ်အရွယ် လူငယ်လေး အာရွန်ရဲ့ ဇာတိသွေးဇာတိမာန်ထက်သန်ပုံနဲ့
လူငယ်သဘာ၀ နှလုံးသားရေးရာတို့ကို ချိန်ထိုးပြသရင်း အတိတ်နဲ့ ပစ္စုပန်ကြားဖြစ်ရပ်တွေကိုစိတ်ဝင်စားဖွယ်တွေ့ရမှာပါ။

အာရွန်တစ်ယောက် အရာရှိငယ်သင်တန်းတက်နေစဉ်မှာပဲ အိန္ဒိယ-ပါကစ္စတန် စစ်ရေးတင်းမာလာတာကြောင့်
သင်တန်းဖျက်သိမ်းပြီး ရှေ့တန်းထွက်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။

ဒီမှာပဲ ရှေ့တန်းစခန်းက တင့်ကားတပ်မှာ စစ်ရေးပြင်ရင်း ကြုံတွေ့လာရတဲ့

အဖြစ်အပျက်တွေကိုခံစားကြည့်ရှုကြပါဦး။
❤5⚡1
September 6, 2026 2.2K 7