၂၀ ရာစုအစပိုင်းတွင် ဗြိတိသျှ စစ်အရာရှိနှင့် နယ်မြေစူးစမ်းရှာဖွေသူ ပါစီဖားဆက်တ် ဟာ ဘိုလီးဗီးယား နှင့် ဘရာဇီး နယ်စပ်ရှိ အမေဇုန်း တောနက်ကြီးအတွင်းသို့ နယ်နိမိတ် တိုင်းတာရန် တာဝန်ပေးခြင်း ခံရပါတော့တယ်။ ထိုသို့ နယ်မြေစူးစမ်းစဉ်အတွင်း အမေဇုန်း တောနက်ကြီး အလယ်၌ ရှေးဟောင်း မြို့ပြအပျက်အစီးများနှင့် အိုးခွက် ပန်းကန် အပျက်အစီးများကို ထူးဆန်းစွာ တွေ့ရှိခဲ့ရပြီးနောက် ထိုနေရာတွင် တိုးတက်သည့် ရှေးဟောင်း မြို့ပြကြီးတစ်ခု ရှိခဲ့သည်ဟု ပါစီဖားဆက်တ် က စွဲမြဲစွာ ယုံကြည်သွားခဲ့ပါတယ်။
ဗြိတိသျှ ပထဝီဝင် အသင်းကြီး၏ လှောင်ပြောင်မှုများ၊ မိသားစုနှင့် ဝေးကွာရမှုများ၊ ပထမကမ္ဘာစစ်၏ ရက်စက်မှုများနှင့် အမေဇုန်း တောနက်အတွင်းမှ အန္တရာယ်ရှိသော ဒေသခံ မျိုးနွယ်စုများကြားထဲမှာ... ပါစီဖားဆက်တ် ဟာ သားဖြစ်သူနှင့်အတူ အမှန်တရားကို ရှာဖွေရန် မည်သို့သော စိတ္တဇဆန်ဆန်၊ ရဲရင့်လှသည့် သမိုင်းဝင် စွန့်စားတိုက်ပွဲဝင်သွားမလဲဆိုတာကတော့...
Forwarded fromKBurmese Share Channel 1

The Lost City of Z (2016)
September 9, 2026 323 1