T-h_e T-h_o-r<n: O-n_e S_a-c_r-e_d N-i_g-h_t (2025)
ဇာတ်လမ်းကတော့ ရွာငယ်လေးတစ်ရွာမှာ အလောင်းပြင်ဆရာအဖြစ် လုပ်ကိုင်နေတဲ့ Ibrahim ဆီကနေ စတင်ပါတယ်။ သူ့ရဲ့ ချစ်လှစွာသော ဇနီးနဲ့ သားသမီးတွေ ဆိုးရွားလှတဲ့ မတော်တဆမှုတစ်ခုမှာ ကြောက်မက်ဖွယ် သေဆုံးသွားခဲ့ရပြီးနောက်ပိုင်း Ibrahim ဟာ စိတ်ဒဏ်ရာ အကြီးအကျယ်ရရှိကာ ဘာသာရေးအပေါ် ယုံကြည်ချက်တွေ ပျောက်ဆုံးပြီး အလောင်းပြင်တဲ့အလုပ်ကို စွန့်လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျာဗားလူမျိုးတွေရဲ့ အယူသည်းဆုံးနဲ့ ကျိန်စာအပြင်းဆုံးဖြစ်တဲ့ "Malam Satu Suro" (ပထမဆုံး လဆန်းတစ်ရက် အမှောင်ည) နီးကပ်လာချိန်မှာတော့ ရွာထဲက ချမ်းသာကြွယ်ဝတဲ့ သူဌေးမိသားစုတစ်စုလုံးဟာ နားမလည်နိုင်တဲ့ ထူးဆန်းဆိုးရွားတဲ့ နည်းလမ်းတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် သေဆုံးလာကြပါတော့တယ်။
Ibrahim ဟာ ရွာရဲ့ ကပ်ဘေးကို ကယ်တင်ဖို့အတွက် အဲဒီအလောင်းတွေကို နောက်ဆုံးအကြိမ် သန့်စင်ပြင်ဆင်ပေးဖို့ တာဝန်ယူလိုက်ရချိန်မှာတော့ ဒီသေဆုံးမှုတွေဟာ သာမန်မဟုတ်ဘဲ အနက်ရောင်မှော်ပညာ (Black Magic) နဲ့ ရှေးဟောင်း မိစ္ဆာကျိန်စာ "Sengkolo" နဲ့ ဆက်စပ်နေမှန်း သိလိုက်ရပါတယ်။ အဲဒီအခါမှာ မိစ္ဆာစွမ်းအင်ဆိုးတွေကို ဘယ်လို ရင်ဆိုင်တိုက်ခိုက်ရမလဲဆိုတာ
Forwarded fromKBurmese Share Channel 1

2September 6, 2026 1.3K 3