📌Ellipsis နဲ့ Substitution ကလေ နည်းနည်းဆင်သလို ရှိပါတယ်~ ဒါပေမယ့် Substitution မှာတော့ စကားလုံး ဒါမှမဟုတ် Verb Phrase တစ်ခုလုံးကို မပြောတော့ဘဲ တခြားစကားလုံးတစ်ခုနဲ့ အစားထိုးတာ ပါ။ဆက်ကြည့်လိုက်ရအောင်..
✨ပထမဆုံး do, does, did တို့ကို ကြည့်ကြပါမယ်။
ဒါတွေကို Present Simple နဲ့ Past Simple မှာ ရှေ့က Verb Phrase ကို အစားထိုးဖို့ သုံးနိုင်ပါတယ်။
Examples:
1.He wanted to quit his job, and he did.
ဟုတ်ပြီ ဒီစာကြောင်းမှာဆိုရင် did က ဘာကို ဆိုလိုတာလဲ? quit his job ကို ဆိုလိုတာမဟုတ်လား..
ဒါကြောင့် tr တို့ "He wanted to quit his job, and he did." ဆိုတာက
"He wanted to quit his job, and he quit his job."ဆိုတဲ့ meaning ပဲ။📍
2.I don't work long hours, but a lot of my friends do.
ဒီမှာကျ do က "work long hours" ကို အစားထိုးထားတာ။ ဆိုတော့ ငါက အလုပ်ချိန်အကြာကြီး မလုပ်ဘူး၊ ဒါပေမယ့် ငါ့သူငယ်ချင်းတော်တော်များများကတော့ လုပ်တယ်ဆိုတဲ့ meaning ပါ။
✨နောက်ထပ် Substitution တစ်မျိုးကတော့ so နဲ့ not သုံးပြီး အတွေးတစ်ခုလုံးကို အစားထိုးတာပါ~📍အထူးသဖြင့် think, hope, expect, believe, suppose လို Verb တွေနဲ့ တွဲပြီး သုံးတာများပါတယ်။
ဥပမာ tr တို့ကို တစ်ယောက်"က မေးတယ်
Are you free tomorrow?ဆိုရင် ကိုယ်က
I think so. လို့ ပြန်ဖြေလို့ရတယ်~so က ဘာကို အစားထိုးတာလဲဆိုရင် 📍I think I am free tomorrow. ဆိုတဲ့ အတွေးတစ်ခုလုံးကို အစားထိုးထားတာ နားလည်မယ်နော်။
2.Will you have to buy a new phone?
I hope not.ဒီမှာ not က I hope I won't have to buy a new phone. ဆိုတဲ့ အတွေးတစ်ခုလုံးကို အစားထိုးထားတာပါ။
📌ဒါဆို so = ဟုတ်မယ်လို့ ထင်တယ် / လက်ခံတဲ့ဘက်၊ not = မဖြစ်ဖို့ မျှော်လင့်တယ် / ငြင်းတဲ့ဘက် ဆိုပြီး မှတ်ထားလို့ရပါတယ်။