𝐸𝑛𝑔𝑙𝑖𝑠𝒉 𝑃𝑟𝑜𝑔𝑟𝑒𝑠𝑠 𝐻𝑢𝑏: post #765 — TG.ME

📌နောက်ထပ် Grammar က Determiners and Quantifiers ဖြစ်ပါတယ်။ ✨ပထမဆုံး either နဲ့ neither ပါ။ tr တို့ ဒီနှစ်ခုကို သုံးတဲ့အခါ အရေးကြီးတာတစ်ခုရှိပါတယ်~အဲ့ဒါ ဘာလဲဆိုတော့.. either နဲ့ neither နောက်မှာ singular noun လိုက်ပါတယ်။ 📍Either route ဆိုရင် လမ်းနှစ်ခုထဲက ဘယ်လမ်းကိုမဆို ဆိုတဲ့သဘော။ ဥပမာအနေနဲ့ We could take either route. လမ်းနှစ်ခုထဲက ဘယ်လမ်းကိုသွားသွား ရတယ်။ 📍နောက်တစ်မျိုးက either...or... Example: We're going either to Spain or to Portugal. Spain ဖြစ်ဖြစ် Portugal ဖြစ်ဖြစ် သွားမယ်ဆိုတဲ့သဘော။ 📍Neither ကတော့ နှစ်ခုလုံးကို ငြင်းတာပါ~ Example: Neither Tom nor Annie was at the party. Tom လည်း မရှိဘူး၊ Annie လည်း မရှိဘူး။ဒီနေရာမှာ မှတ်ထားရမှာက neither သုံးပြီးသားမို့ not ထပ်ထည့်စရာ မလိုဘူးပါနော်။ 📍နောက်တစ်မျိုး Neither of the options is very good.ဆိုရင် ရွေးချယ်စရာ နှစ်ခုထဲက တစ်ခုမှ သိပ်မကောင်းဘူးဆိုတဲ့သဘော။ 📍ဒီမှာ neither of + plural noun သုံးထားပါတယ်။ ✨နောက်တစ်ခုကတော့ all, both, each, every ပါ။ 📍All ဆိုတာ အားလုံးဖြစ်ပြီး Plural noun နဲ့ Uncountable noun နှစ်မျိုးလုံးနဲ့ သုံးလို့ရပါတယ်။ Examples: 1.All passengers must have a valid ticket. ခရီးသည်အားလုံးမှာ valid ticket ရှိရမယ်။ 2.I'm sorry, but all of the tables are booked. စားပွဲအားလုံး booking ပြည့်နေပြီ။ 3.We ate all the food. အစားအသောက်အားလုံးကို စားလိုက်တယ်။ ✨Tr တို့ Both ကတော့ နှစ်ခု ဒါမှမဟုတ် လူနှစ်ယောက်အတွက်ပဲ သုံးတာပါ ပြီးတော့ plural noun နဲ့ သုံးရပါတယ်။ Examples: 1.Both my parents work. မိဘနှစ်ယောက်လုံး အလုပ်လုပ်တယ်။ 2 .Both of my sisters are studying at university. ငါ့ညီအစ်မနှစ်ယောက်လုံး university မှာ တက်နေတယ်။ 📍Pronoun ရှေ့မှာဆိုရင်တော့ both of လို့ပဲ သုံးမယ်နော်။ I've invited both of them. ဆိုရင် Both them လို့တော့ မသုံးပါဘူးရှင့် both of them လို့ပဲ သုံးရပါမယ်။ ✨ဒါဆို အခု each နဲ့ every ကို ကြည့်လိုက်ရအောင်။ နှစ်ခုလုံးက အကြမ်းဖျင်းအားဖြင့် "တစ်ခုချင်းစီ / တိုင်း" ဆိုတဲ့ meaning ရှိပါတယ်။ ဒါပေမယ့် tr တို့ အာရုံစိုက်ပုံ နည်းနည်းကွာပါ တယ် အဲ့ဒါဘာလဲဆိုရင် 📍Each ဆိုရင် အုပ်စုထဲက တစ်ယောက်ချင်းစီ၊ တစ်ခုချင်းစီကို သီးသန့်စီ စဉ်းစားတာ~ဥပမာ Each student was asked to give a presentation. ကျောင်းသားတစ်ယောက်ချင်းစီကို presentation လုပ်ခိုင်းတယ်။ဒီလိုပုံစံပါ။ 📍Every ကတော့ အုပ်စုတစ်ခုလုံးကို ခြုံပြီး "တစ်ယောက်မကျန် / တစ်ခုမကျန်." ဆိုတာမျိုးပါ။ Every seat has been taken.ဆိုရင် ခုံတိုင်းမှာ လူပြည့်သွားပြီ။ 📌နောက်ပြီး ကလေးတို့ မှတ်ထားရမှာက each နဲ့ every နှစ်ခုလုံးရဲ့ နောက်မှာ singular noun ပဲ လိုက်တယ် ဆိုတာ သတိထားပါ။ ✨နောက်ဆုံးကတော့ so နဲ့ such ပါ။ ဒီနှစ်ခုက "အရမ်း" ဆိုတဲ့ emphasis လုပ်တဲ့နေရာမှာ သုံးတယ်ဆိုပေမယ့် ဒါပေမယ့် သုံးပုံက မတူပါဘူး။ 📍so + adjective / adverb 1.This food is so good! ဒီမှာ good က adjective ဖြစ်လို့ so good လို့ သုံးပါတယ်။ 📍such ကတော့ noun ပါရမယ်။ သူ့ရဲ့ Pattern က such + a/an + adjective + noun ပါ။ 1.It was such a good film! ဒီမှာ film ဆိုတဲ့ noun ပါနေလို့ such a good film ဖြစ်ပါတယ်။ 📌ဒါကြောင့် tr တို့ အလွယ်မှတ်ရရင် ▪️so + adjective/adverb ▪️such + adjective + noun လို့ မှတ်ထားလို့ရပါတယ်။ ဥပမာ so good ✅ such a good film ✅ ဒါပေမယ့် such good ဆိုတာမျိုးကို ဒီ pattern နဲ့တော့ မမှတ်ပါနဲ့နော်။ Noun ပါတဲ့ structure ဖြစ်ရပါမယ်။ Okay, ဒီနေ့ Grammar Lesson ကတော့ ဒီလောက်ပါပဲ ~အားလုံးပဲ နားလည်မယ်လို့ ထင်ပါတယ်💘

August 27, 2026 209 4 3