Cardpocalypse၊ Albion: Epic Mage Bundle နှင့် Caravan SandWitch ဂိမ်းများကို အခမဲ့ရယူပါ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
မိတ်ဆွေတို့ရေ Epic Games က ဒီအပတ်မှာ PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၃ခုကို သြဂုတ်လ ၂၇ ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် Card Game၊ Indie နဲ့ RPG ဂိမ်းအမျိုးအစားဖြစ်တဲ့ Cardpocalypse အပြင် Adventure၊ Fantasy နဲ့ RPG ဂိမ်းအမျိုးအစားဖြစ်တဲ့ Albion Online ရဲ့ Epic Mage Bundle ကို အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။
Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း အရင်အပတ်က PC အတွက်ပေးခဲ့တဲ့ Caravan SandWitch ဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် အကောင့်ထပ်မံဖွင့်စရာမလိုဘဲ ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games Store ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။
https://store.epicgames.com/en-US/download/android
လာမဲ့ သြဂုတ်လ ၂၇ ရက်နေ့မှာတော့ PC အတွက် Breathedge နဲ့ Rival Stars Horse Racing: Desktop Edition ဂိမ်းကိုပေးသွားမယ်လို့ရပါတယ်။
Source: Epic Games
#EnThueTech
#News
#Gaming
Join our Telegram channel now!
https://t.me/EnThueTech











