Dream Bags Organization: post #1250 — TG.ME

“လှူရင်းကူ၊ ကူရင်းယူ”

ရေဘေးသင့်မိသားစုတွေနဲ့အတူ ရပ်တည်ရင်း ကိုယ့်အတွက်လည်း အခွင့်အရေးတစ်ခု ရယူကြမယ် 🤍

တစ်ချို့အရာတွေက သတင်းထဲက ပျောက်သွားပေမယ့် တကယ့်အပြင်လက်တွေ့မှာတော့ မပျောက်သွားပါဘူး။ ရေဘေးသတင်းတွေ နည်းလာတာနဲ့အမျှ လူထုရဲ့ အာရုံစိုက်မှုတွေလည်း နည်းလာခဲ့ပေမယ့် ရေဘေးသင့်မိသားစုတွေအတွက်တော့ ရေက မကျသေးသလို၊ အခက်အခဲတွေလည်း မပြီးသေးပါဘူး။

အခုလိုအချိန်မှာ ကိုယ်တိုင် ရေဘေးသင့်ဒေသတွေဆီ သွားရောက်ကူညီဖို့ မလွယ်ကူသူတွေအနေနဲ့ တတ်နိုင်တဲ့နေရာကနေ တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီနိုင်ဖို့အတွက်…

“လှူရင်းကူ၊ ကူရင်းယူ” ဆိုတဲ့ Project လေးနဲ့အတူ ရေဘေးသင့်မိသားစုတွေအတွက် လိုအပ်နေတဲ့အကူအညီတွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးကြရင်း ကိုယ့်အတွက်လည်း ပညာရေးအခွင့်အရေးတွေ ရယူနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 💙

🌱 “လှူရင်းကူ၊ ကူရင်းယူ” ဆိုတာဘာလဲ?

ဒီ Project လေးကတော့ Give & Take ပုံစံနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

ကိုယ်တတ်နိုင်သလောက် လှူဒါန်းပြီး ရေဘေးသင့်ပြည်သူတွေအတွက် ကူညီပေးနိုင်သလို၊ ကိုယ်တိုင်လည်း ပညာသင်ယူခွင့်၊ Skill Development အခွင့်အရေးတွေနဲ့ Discount Benefits တွေကို ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ကူညီတဲ့အရာက တစ်စုံတစ်ယောက်ရဲ့ ဒီနေ့ကို ကယ်တင်ပေးနိုင်သလို၊ ကိုယ်ရရှိမယ့်အခွင့်အရေးက ကိုယ့်ရဲ့မနက်ဖြန်ကိုလည်း ပိုကောင်းစေနိုင်ပါတယ်။

Dream Education ကနေ စီစဉ်ဆောင်ရွက်တဲ့ ဒီ campaign လေးမှာ ကျွန်တော်တို့ Dream Bags Organization ကလည်း Media Partnership အဖြစ် ပါဝင်အားဖြည့်ထားပါတယ်။

🎁 လှူဒါန်းသူများအတွက် ရရှိနိုင်မယ့် Benefits တွေကတော့

1️⃣ Practical English Clubမှ မကြာမှဖွင့်လှစ်မယ့်

Insighter Club ရဲ့ 4 Weeks Class

Original Fee — 60,000 MMK
🔥 100% OFF
🎟️ 5 Seats Only

2️⃣ Together We Rise Associationမှ မကြာမီဖွင့်လှစ်မယ့်

🇰🇷 Korean Class
• 500 Essential Vocabulary
• Basic to Level 1 Reading Video Class

🇬🇧 English Class
• Pre-intermediate Zoom Class

3️⃣ Better Youth Myanmar မှမကြာမီဖွင့်လှစ်မယ့်

💬 Interpersonal Communication in Professional Setting Training Course

4️⃣ Teddy Bears Education Instituteမှ မကြာမီဖွင့်လှစ်မယ့်

📚 Language Classes
🎓 GED Intensive Class

5️⃣ Myittar Educationမှ မကြာမီဖွင့်လှစ်မယ့်

🎓 GED Classes
🇬🇧 English Classes
🧠 Mental Classes

6️⃣ Hype Think Educationမှ မကြာမှဖွင့်လှစ်မယ့်

🇬🇧 English
🇯🇵 Japanese

တစ်ဦးချင်း 1-on-1 Classes အတွက်
20% Discount

7️⃣ NextGen Impact မှ ဖွင့်လှစ်မယ့်
🎤 Leadership for Youths Training Session နှင့်
🗣️ Public Speaking Training Session
စတဲ့ အတန်းတွေကို ရွေးချယ်တက်ရောက်ခွင့် ရရှိနိုင်မှာဖြစ်ပါတယ်။

📌ပါဝင်လှူဒါန်းမယ့်သူတွေက…

Dream Education, Charity with Dream ရဲ့ Page Messenger သို့လည်းကောင်း…

@ivory_lynn

@mskoe24 စတဲ့ Telegram Account တွေမှာလည်းကောင်း သွားရောက်လှူဒါန်းနိုင်ပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်သူ၊ ထိုင်းဘဏ်အကောင့်ရှိတဲ့ သူတွေအနေနဲ့လည်း ထိုင်းဘတ်ဖြင့် ပါ၀င်လှူဒါန်းနိုင်ပါတယ်။

Benefit တွေ မယူဘဲ သီးသန့်ပါဝင်လှူဒါန်းချင်တဲ့သူ တွေရှိရင်လည်း ပါဝင်လှူဒါန်းနိုင်ပါတယ်။ ♥️

တစ်ယောက်ရဲ့ Share တစ်ချက်က
တစ်စုံတစ်ယောက်ဆီကို အကူအညီတစ်ခု ရောက်ရှိစေနိုင်တာမလို့
အလှူငွေမထည့်ဝင်နိုင်ရင်တောင် သတင်းတစ်ခုကို မျှဝေပေးခြင်းကလည်း ကူညီမှုတစ်ခုပါပဲ

ရေဘေးသင့်မိသားစုတွေနဲ့အတူ ရပ်တည်ရင်း
သူတို့ရဲ့ ဒီနေ့ကို ကူညီပေးပြီး
ကိုယ့်ရဲ့ မန
က်ဖြန်အတွက်လည်း သင်ယူကြရအောင်။ 💙

#Dream_Education
#DreamBagsOrg
#Non_Profit_Org
#လှူရင်းကူကူရင်းယူ
#FloodRelief
#Mediaparternship
❤1
August 29, 2026 29