Dream Bags Organization: post #1246 — TG.ME

🦠 ကာလဝမ်းရောဂါ ဘယ်ကစလဲ?

လတ်တလောမှာအဖြစ်များနေတဲ့ ကာလဝမ်းရောဂါ (Cholera) ဆိုတာက Vibrio cholera လို့ခေါ်တဲ့ ရောဂါပိုးကြောင့် ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးပါ။ ကာလဝမ်းရောဂါဆိုတာ အသက်ကြီးငယ်မရွေးဖြစ်နိုင်တဲ့အပြင် အသက်အန္တရာယ်ပါဖြစ်စေနိုင်တာမလို့ သတိထားကာကွယ်သင့်တဲ့ ရောဂါဖြစ်ပါတယ်။ ⚠️

ကာလဝမ်းရောဂါကို ဖြစ်ပွားစေတာက Vibrio cholera လို့ခေါ်တဲ့ ရောဂါပိုးကြောင့်ဆိုပေမဲ့ အဓိကဖြစ်စေတဲ့ အကြောင်းအရင်းကတော့ CTX လို့ ခေါ်တဲ့ အဆိပ်အတောက်တစ်မျိုးကြောင့် ဖြစ်ပါတယ်။

CTX ဆိုတာ အူသိမ်တွေမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေက ထုတ်လုပ်ပြီးတော့ အူသိမ်နံရံတွေကို ကပ်တွယ်ပြီး ဆိုဒီယမ်နဲ့ ကလိုရိုက် စီးဆင်းမှုကို နှောင့်နှေးစေတဲ့အတွက် ခန္ဓာကိုယ်ကနေ ရေအများအပြားစွန့်ထုတ်ရတဲ့အတွက် ရောဂါဖြစ်နေချိန်မှာ ဝမ်းလျှောတာနဲ့ ရေဓာတ်ခန်းခြောက်တာတွေကို ဖြစ်ပေါ်စေတာပါ။

ဒါကြောင့်မလို့ ကာလဝမ်းရောဂါဖြစ်ပေါ်နေချိန်မှာ ဓာတ်ဆားနဲ့ ရေဓာတ်ပြန်လည်ဖြည့်တင်းတာ ရေဓာတ်အလွန်အကျွံဆုံးရှုံးနေတဲ့သူတွေအတွက် အကြောဆေးသွင်းတာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။ 💧

Doxycycline နဲ့ azithromycin တို့လိုမျိုး ပိုးသတ်ဆေးသောက်သုံးတာ ခန္ဓာကိုယ့်ရဲ့ ဇင့်ဓာတ်ကို ပြန်လည်ဖြည့်တင်းတာမျိုးပြုလုပ်ပြီး ကာလဝမ်းရောဂါကို ကုသလို့ရပါတယ်။

ကာလဝမ်းရောဂါဟာ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်၊ အစာအိမ်အတွင်း အက်ဆစ်ဓာတ်လျော့နည်းခြင်း၊ ကာလဝမ်းရောဂါရှိသူရဲ့ အသုံးအဆောင်များမှတဆင့် ကူးစက်ခြင်း၊ ကမာကောင်လိုမျိုး မကျက်သော အစားအသောက်များကို စားသုံးခြင်းဖြင့် ဖြစ်ပွားနိုင်ပါတယ်။

ဒါကြောင့် ကာလဝမ်းရောဂါကို ကာကွယ်ဖို့ဆိုရင် ကာကွယ်ဆေးထိုးခြင်း၊ လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးခြင်း၊ သန့်စင်တဲ့ ရေကို သောက်သုံးခြင်း၊ လတ်ဆက်တဲ့ အသားငါးနဲ့ အသီးအနှံများကိုသာ စားသုံးခြင်းအပြင် အစားအစာများကို ကျက်သည်အထိ ချက်ပြုတ်ပြီး စားသုံးခြင်းက ကာလဝမ်းရောဂါကို ကာကွယ်နိုင်ပါတယ်။ 🧼

မိုးရာသီမှာ တွေ့ရတတ်တဲ့ ယင်လိုမျိုး သတ္တဝါတွေကနေတဆင့် ကူးစက်တတ်တာမလို့ အစားအသောက်တွေကိုလည်း ယင်လုံတဲ့နေရာမှာ သေချာသိမ်းဆည်းသင့်ပါတယ်။

ဒီလိုမျိုး ကာလဝမ်းရောဂါဖြစ်ပွားနိုင်တဲ့ အချက်တွေကို ရှောင်ရှားပြီး သေချာလေး လိုက်နာမယ်ဆိုရင် ကာလဝမ်းရောဂါဆိုတာ ကြောက်စရာကောင်းတဲ့ ရောဂါမဟုတ်တော့ပါဘူး။

🌱 𝐃𝐫𝐞𝐚𝐦 𝐁𝐚𝐠𝐬 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 နှင့်အတူ နွေးထွေးသော ကမ်းလက်များကို မျှဝေပါ။

Our Facebook Page - https://www.facebook.com/share/18TkJENqnK/

Our Telegram Channel - https://t.me/DreamBagsOrg

Our Tiktok Account - @dreambagsorganization

#DreamBagsOrg
#GreenBack
#Cholera
#ကာလဝမ်းရောဂါ
Facebook
Log in or sign up to view
See posts, photos and more on Facebook.
❤2
August 19, 2026 148