Dream Bags Organization × Show Your Kindness | Media Partnership Announcement ✨
ကလေးတိုင်းမှာ လှပတဲ့ အနာဂတ်တစ်ခု ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ❤️
မွေးဖွားလာတဲ့ နေရာကို သူတို့ မရွေးချယ်နိုင်ခဲ့ပေမယ့်...
သူတို့ရဲ့ အနာဂတ်ကိုတော့ ပြောင်းလဲနိုင်မယ့် အခွင့်အရေး ရှိသင့်ပါတယ်။
ဒီယုံကြည်ချက်နဲ့အတူ Dream Bags Organization အနေနဲ့ Show Your Kindness ရဲ့ Bright Future Project အောက်မှာ ဖော်ဆောင်နေတဲ့ "Life Skill Training for Children in Slum Area" စီမံကိန်းတွင် Media Partner အဖြစ် ဝမ်းမြောက်ဂုဏ်ယူစွာ ပါဝင်အားဖြည့်ခွင့်ရရှိခဲ့ပါတယ်။ 🤝💙
🌟 Bright Future Project ဆိုတာ...
ပညာရေးနဲ့ ဘဝကျွမ်းကျင်မှု အခွင့်အလမ်းတွေကို လူတိုင်း လက်လှမ်းမီစေဖို့ ရည်ရွယ်ထားတဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး၊ ယခုအခါ ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့နယ်ရှိ ကျူးကျော်ရပ်ကွက်များမှ ကလေးငယ်များ အတွက် အကောင်အထည်ဖော်လျက်ရှိပါတယ်။
📍 စီမံကိန်းအချက်အလက်
• တည်နေရာ – ဒလမြို့နယ်၊ ရန်ကုန်
• သင်တန်းကာလ – (၄) လ (စနေနေ့တိုင်း)
📚 သင်ကြားပေးမည့် ဘာသာရပ်များ
✨ Vocational Skills – Handmade Accessories & Recycle Handmade
✨ Life Skills – ဘဝကျွမ်းကျင်မှု
✨ Soft Skills – လူမှုဆက်ဆံရေး ကျွမ်းကျင်မှု
✨ Basic Literacy – မြန်မာ၊ အင်္ဂလိပ် အခြေခံ အရေးအဖတ်
🎯 ဒီစီမံကိန်းရဲ့ ရည်မှန်းချက်က...
(၄) လ သင်တန်းပြီးဆုံးချိန်မှာ ကလေးငယ်တွေဟာ ကိုယ်တိုင် Handmade ပစ္စည်းတွေ ဖန်တီးထုတ်လုပ်နိုင်ရုံသာမက၊ အားလပ်ချိန်တွေမှာ မိသားစုအတွက် ဝင်ငွေအနည်းငယ် ရှာဖွေနိုင်မယ့် အရည်အချင်းတွေကိုပါ ရရှိလာစေဖို့ ဖြစ်ပါတယ်။
တစ်ခါတလေ...
အနာဂတ်ကို ပြောင်းလဲပေးတာဟာ ငွေအများကြီး မဟုတ်ပါဘူး။
အခွင့်အရေးတစ်ခု၊ ပညာတစ်ခုနဲ့ ယုံကြည်မှုပေးနိုင်ခြင်းကပဲ ဘဝတစ်ခုကို ပြောင်းလဲပေးနိုင်ပါတယ်။ 🌱
ကလေးငယ်တွေရဲ့ အိပ်မက်တွေကို ပြန်လည်အသက်သွင်းပေးမယ့် Bright Future Project ကို အားပေးပြီး မျှဝေပေးခြင်းကလည်း အဖိုးတန်တဲ့ ပါဝင်မှုတစ်ခု ဖြစ်ပါတယ်။ 💙
#ShowYourKindness
#BrightFutureProject
#LifeSkillTraining
#ForEveryChild
#SlumAreaProject
#MediaPartnership
5August 4, 2026 196