Cele ၁ယောက်က အမျိုးသားအားဆေးဆိုပြီး ဖရဲသီး၊ ဂျင်းနဲ့ ရှားစောင်းလပတ် ကို ဖျော်သောက်တဲ့ video တွေ့လိုက်တယ်။
ဂျင်းမှာ အမျိုးသားအားတိုးဖို့ ဘာအာနိသင်မရှိပါဘူး၊ ရှားစောင်းလပတ်မှာကလည်း အခြားဆေးပတ်ဝင်တဲ့အပိုင်းတွေ ရှိမယ်။
ဖရဲသီး မှာတော့ L-citrulline ဆိုတဲ့ သွေးလည်ပတ်မှုကောင်းတဲ့ အမိုင်နိုအက်စစ် ၁မျိုးပါတယ်။
သူက သီအိုရီအရ အားတိုးစေတာမှန်တယ်၊
ဒါပေမယ့် ဖရဲသီး၁လုံးလုံးထိုင်စားမှသာ Citrulline 3000 mg ရပြီး အလုပ်ဖြစ်မှာပါ။
အဲ့တော့ ဖရဲသီး တစ်စိပ် တစ်ခြမ်းလောက်နဲ့ တော့ အားတိုးနိုင်မယ်မဟုတ်ပါခင်ဗျ။
ဘယ်သူမှ အများကြီးမစားနိုင်တဲ့အတွက် Citrulline ကို
ဖြည်စွက်စာ အနေနဲ့လည်း ထုတ်ပါတယ်။
ဒီကိစ္စက သီအိုရီအရ သုံးသပ်မှုပဲဖြစ်ပါတယ်၊ ခိုင်မာတဲ့ သုတေသနအထောက်အထားတွေတော့ မရှိသေးပါဘူး။
အမျိုးသားအားတိုးဆေးတင်မဟုတ်ပဲ အားကစားသမားတွေအနေနဲ့လည်း ပြိုင်ပွဲမှာ စွမ်းဆောင်ရည်မြင့်အောင် citrulline ကို သုံးလို့ရကောင်းရနိုင်ပါတယ်။ Sports Nutritionists တွေနဲ့ တိုင်ပင်ဖို့တော့လိုပါမယ်။
Dr. Kaung Pyae Sone
#nutrition #food #health
Forwarded fromKPSNutrishare
February 19, 2025 2.3K