အုတ်ဖိုမှာ ဗုံးကြဲခံရလို့ တော်လှန်ရေးတပ်စခန်းပျက်စီး… — Bago Scout Network — TG.ME

အုတ်ဖိုမှာ ဗုံးကြဲခံရလို့ တော်လှန်ရေးတပ်စခန်းပျက်စီး တပ်ဖွဲ့ဝင်တချို့ဒဏ်ရာရ

ဩဂုတ် ၃၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ထဲကို ဗုံးကြဲထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့စခန်းတစ်ချို့ ထိမှန်ပျက်စီးခဲ့သလို ဒဏ်ရာတဲ့ ရဲဘော်တွေလည်း ရှိတယ်လို့ သိရပါတယ်။

ယမန်နေ့ ဩဂုတ်လ ၂ ရက်နေ့ နေ့လည်ခန့်က အာဏာသိမ်းစစ်အစိုးရရဲ့ လေတပ်ကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာမှာ ကျေးရွာတွေကို ထိမှန်တာတွေရှိသလို သာယာဝတီခရိုင်တော်လှန်ရေးတပ်ဖွဲ့တချို့ရဲ့ စခန်းတွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ PDF တွေနဲ့ နီးစပ်သူတစ်ဦးက ဒို့ပြည်ကို အတည်ပြုပြောပါတယ်။

"မနေ့ကကြဲသွားတဲ့ဖြစ်စဉ်ကတော့ ပကဖစခန်းကိုချသွားတယ်ဆိုတာလည်း မှန်ပါတယ်။ ရဲဘော်နှစ်ယောက်ထိခိုက်ဒဏ်ရာရတာလည်းမှန်ပါတယ်။ နေရာကိုတော့မပြောတော့ပါဘူး ထပ်လာပြီးကြဲမှာစိုးလို့ပါ" လို့ ဒို့ပြည်ရဲ့ သတင်းရင်းမြစ်က ယနေ့ ဩဂုတ်လ(၃) ရက်နေ့ နံနက် (၁၀) နာရီခန့်မှာ ပြောပါတယ်။

သတင်းအပြည့်အစုံဖတ်ရန်- https://www.facebook.com/DohPyayNews/posts/pfbid02DGzFvYEtEDy6xHxYFeJ226vytNXNgi6npcaMYhF5KrBKBhFmXnzSixvUndfMtUNwl
😢2👍1
August 3, 2026 259