ဘုရားကြီးမှာ အဆင်မြင့်အမြန်ရထား(DEMU)နဲ့ တိုက်မိလို့ (၂)… — Bago Scout Network — TG.ME

ဘုရားကြီးမှာ အဆင်မြင့်အမြန်ရထား(DEMU)နဲ့ တိုက်မိလို့ (၂) နှစ်အရွယ်ကလေးသေဆုံး

ဩဂုတ် ၃၊ ၂၀၂၆။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ အတွင်း မန္တလေး-ရန်ကုန် ရထားလမ်းမှာ အသက်(၂) နှစ်အရွယ် ကလေးငယ်(၁) ဦးဟာ အဆင့်မြင့်အမြန်ရထား (DEMU) နဲ့ တိုက်မိတဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၁) ရက်နေ့ ညနေ (၄) နာရီခန့်က ဘုရားကြီးဘူတာအနီး မီးရထားလမ်း မိုင်တိုင်အမှတ် (၅၇/၃) နှင့် (၅၇/၄) အကြားမှာ တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဘုရားကြီးမြို့ အမှတ်(၁) ရပ်ကွက်မှာ နေထိုင်တဲ့ မောင်သက်ဖြိုးပိုင် (၂) နှစ် ဟာ သေဆုံးခဲ့ရတယ်လို့ စစ်အစိုးရ ပဲခူးသတင်းစဉ်က ဖော်ပြထားပါတယ်။

တိုက်မိတဲ့ ရထားကတော့ မန္တလေး-ရန်ကုန် အမှတ်(၆) အစုန် (DEMU) ရထားနဲ့ တိုက်မိခဲ့တာလို့ သိရပါတယ်။

#ဒို့ပြည်
#ပဲခူးတိုင်း #ဘုရားကြီးမြို့ #ပဲခူးမြို့နယ် #သတင်း #DEMU #အမြန်ရထား #ရထားလမ်း #မန္တလေး #ရန်ကုန် #Dohpyay #news #Bago #Myanmar #Thailand #media #Myanmarnews #updatenews #NewsMedia
August 3, 2026 199