(⚡️Repost To Reread 30⚡️)
Verb တွေထဲမှာမှ ဘယ်လို Verb လေးတွေဟာ +Ving ( Progressive/ Continuous Form ) သုံးလေ့မရှိဘူးဆိုတာလေးကိုမျှဝေပေးချင်ပါတယ်။
အဲဒီ Verb လေးတွေကိုတော့ “Non-Progressive Verb” သို့မဟုတ် “Stative Verb” လို့ခေါ်ပါတယ်။
The Essential of English by Ann Hogue ကို ကိုးကားပြောရရင် ….
◾ Certain verbs are generally not used in the progressive tenses. These verbs do not express actions. Instead, they express emotions, mental processes, the five senses, possession, and a few other nonaction meanings. These verbs are also called nonaction verbs or stative verbs.
အလွယ်ဘာသာပြန် ယေဘုယျခြုံပြောရရင် အဲဒီ Non-progressive/ Stative verbs တွေဆိုတာ လှုပ်ရှားပြုမူဆောင်ရွက်ခြင်း (Action ) ကို မဖော်ပြဘဲ စိတ်ခံစားမှုတွေ ၊ စိတ်ထဲမှာသိရှိနားလည်ဖြစ်တည်နေတာတွေ ၊ အာရုံ ၅ ပါးခံစားရတာတွေ ၊ ပိုင်ဆိုင်မှုတွေ ကိုဖော်ပြတဲ့ Verb တွေဖြစ်ပါတယ်။
🔷Stative verbs
◾ Emotions
love , hate , like , dislike , fear, care
mind, envy , miss
📕Eg: I love you. ☑️
I am loving you. ❎
Do you like music? ☑️
Are you liking music? ❎
◾Mental processes
know, think*, understand, believe, doubt,
mean, realize, remember, forget
📕Eg: Do you understand?☑️
Are you understanding?❎
I remember my first day at my school.
◾The Senses
feel*, hear, see*, smell*, sonud, taste*
📕Eg: I hear them talking.
◾ Possession
own, possess, have*, belong
📕Eg: That book belongs to my friend.
I have a pet dog.
◾Others
be*, exist, consist of , include, seem, look*,
need, want, prefer, cost, owe , agree,
disagree
📕 Eg: You look happy today.
I need you.
It costs 100$.
🔸အပေါ်မှာရေးပြထားတဲ့ stative verb လေးတွေထဲက အချို့ verb လေးတွေရဲ့နားမှာ ခရေပွင့်လေးတွေ “ * “ပြထားတာကိုသတိထားမိကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ် အဲဒီခရေပွင့်ပြထားတဲ့ verb လေးတွေကတော့ verbs with two meanings ( Non-Action meaning & Action meaning ) လေးတွေဖြစ်ပါတယ်။
◾Think
📕I think you are right. ( Non-Action meaning)
( think = believe )
📘I am thinking about my future. (Action meaning)
◾Feel
📕I feel sick./ I am feeling sick.
(In informal speech, you can use feel in progressive tenses with nonaction meaning when talking about health.)
နားလည်မယ်ထင်လို့ မြန်မာလိုမရေးပြတော့ဘူးနော်။
📘She is feeling her baby's skin.
(feeling = touching - Action meaning)
သူက သူ့ကလေးကို စမ်းကြည့်/ထိကြည့်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာ။
◾See
📕I see a bird. ( sense)
📘I see what you mean.
(See = understand) နားလည်တယ်ဆိုတဲ့အနေနဲ့သုံးတာ။
I am seeing my doctor about my stomach.
(consulting/ visiting/ making appointment ) ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးလို့ Action meaning
◾Smell
📕The flowers smell sweet. ( Non-Action/ Condition)
📘She is smelling the flowers. ( Action)
ဒီမှာကျ smelling ကို kissing အနေနဲ့ သုံးတာ။ ပန်းကလေးတွေကို မွှေး/နမ်းနေတယ်ပေါ့။
◾ Taste
📕 This soup tastes sour. (Non-Action/ Condition)
📘The cook is tasting the soup. (Action)
ဒီစာကြောင်းမှာဆို ဟင်းရည်/စွပ်ပြုတ်ကို မြည်းကြည့်တယ်ပေါ့။
◾Have
📕I have blue eyes. (Nonaction)
ဒီစာကြောင်းမှာ have ဟာ characteristics, quality, appearance, possession တို့ကိုပြတာဖြစ်လို့ nonaction meaning
📘I am having my breakfast. ( Action)
ဒီစာကြောင်းမှာတော့ having ဟာ eating ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာဖြစ်တယ်။
◾Be
📕She is rude.
(She is a rude person. It is a permanent characteristic)
သူရိုင်းတယ်။ မွေးရာပါကို နဂိုကကို ရိုင်းတာမျိုး။ အမြဲတမ်းရိုင်းပျတာမျိုး။
📘She is being rude.
(It is a temporary behaviour. Right now, she is acting rudely.)
အခုလတ်လောအချိန်မှာ (စိတ်ဆိုးနေလို့ ဒေါသအလျောက် ရိုင်းမိတာမျိုး။)
◾Look
📕He looks sad.
သူ၀မ်းနည်းနေပုံပဲ He is sad. လို့ဆိုလိုတာပါပဲ။
📘He is looking at the picture.
သူပန်းချီကားကိုကြည့်နေတယ်။
📒They are looking in all places.
ဒီစာကြောင်းမှာ looking ဟာ searching လို့ဆိုလိုပါတယ်။
ကဲ ဒီလောက်ဆိုရင်တော့ ဘယ် Verb တွေကတော့ “Non-progressive Verbs” တွေဖြစ်
တယ်။ ဘယ် Verb တွေကိုတော့ဖြင့် “Progressive Tenses” မှာ မတူညီတဲ့အဓိပ္ပာယ်နဲ့သုံးတယ်ဆိုတာကို တီးမိခေါက်မိရှိပြီထင်ပါတယ်။
Tr. Khin Myat Mon (ALoT)
