ဒီကားလေးက အထက်တန်းကျောင်းတစ်ခုက လျှို့ဝှက်ချက်ဆန်တဲ့လူသတ်တဲ့ကားလေးပါ။
ချန်အင်အထက်တန်းကျောင်းမှာ နှစ်ဝက်စာမေးပွဲကြီးပြီးဆုံးပြီး အထူးတန်းတက်ရဖို့ အကြောင်းဖန်လာခဲ့တဲ့ ကျောင်းသားတွေ ရုတ်တရက်ကြီးစာသင်နေရင်း အသံလွှင့်ခန်းကနေ အသံတစ်ခုပေါ်လာခဲ့တယ်။
အဲ့ဒါကတော့ စာမေးပွဲထပ်ဖြေရပါမယ်တဲ့ထူးဆန်းတာက ဒီစာမေးပွဲက တခြားစာမေးပွဲတွေလိုမဟုတ်ဘဲ ကျောင်းသားတစ်ယောက်ချင်းစီကိုဖမ်းခေါ်သွားပြီး သူတို့ကိုပြန်ကယ်ပေးတဲ့စာမေးပွဲပါ…
ကျောင်းသားတစ်ယောက်ကိုမေးခွန်းတစ်ခု အဲ့မေးခွန်းကိုဖြေနိုင်မှသာ ကျောင်းသားကိုကယ်နိုင်မှာဖြစ်တယ်။ အပြင်လည်းထွက်လို့မရ ဖုန်းတွေကလည်း အဆက်အသွယ်ပြတ်နဲ့ ကျောင်းသားတွေရော ဆရာတွေရော အသက်ရှင်သန်ဖို့အတွက် အသည်းအသန်ကြိုးစားကြရပါတော့တယ်။
ဒါပေမယ့် ဖြစ်ချင်တော့ မေးခွန်းတွေကို ဘယ်သူမေးနေတာဖြစ်မလဲ ဘာကြောင့် ကျောင်းသားတွေကိုအသုံးချပြီးလုပ်ရတာလဲ အဲ့နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိဦးမလဲ ဘယ်သူတွေအသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာ သရဲကား လူသတ်ကားတွေရဲ့ထူးစံအတိုင်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု့ရမှာပါ။
ဇာတ်ကားကြည့်ရန်Channelအရင်Joinဘာ
https://t.me/+bpl2tbP3qqxiZWE9
Movie Link
https://t.me/c/3796493798/2096
