Best Movie: post #2247 — TG.ME

ဒီကားလေးကတော့ ၂၀၁၄ ခုနှစ် ဧပြီလတုန်းက ကိုရီးယားနိုင်ငံမှာ တကယ်ဖြစ်ခဲ့တဲ့ ဆယ်ဝေါ်ဖယ်ရီ နစ်မြုပ်မှု ဖြစ်ရပ်မှန်အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ် ..

ဆယ်ဝေါ်ဖယ်ရီကတော့ ကျောင်းသားလေးတွေ ပင်လယ်ခရီးကိုလေ့လာရေးခရီးထွက်တုန်း အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ကြရတဲ့ ဖြစ်ရပ်ဆိုတာ အားလုံးလည်း သိကြမှာပါ။

ဒီဇာတ်လမ်းလေးထဲမှာတော့ Phantom ထဲက မင်းသားကြီး Sul Kyung Gu၊ Crash Course in Romance ထဲက မင်းသမီး Jeon Do Yeon၊ All of Us Are Dead ထဲက Yoon Chan Young နဲ့ ကလေးသရုပ်ဆောင် Do Yeong Seo တို့ အဓိက ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကျဥ်းကတော့ ..

ဂျောင်အီနဲ့ ဆွန်းနမ်က ဇနီးမောင်နှံတွေဖြစ်ကြပြီး သူတို့မှာ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်နဲ့ ပျော်ဖို့ကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။

ဂျောင်အီက ဖခင်ဝတ္တရားအရ စားဝတ်နေရေးအတွက် နိုင်ငံခြားကို ထွက်ပြီး အလုပ်သွားလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မတော်တဆမှုတစ်ခုကြောင့် ထောင်ကျသွားပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်။





ဇာတ်ကားကြည့်ရန်Channelအရင်Joinဘာ
https://t.me/+bpl2tbP3qqxiZWE9
Movie Link
https://t.me/c/3804797991/3327