Best Movie: post #2238 — TG.ME

Beyond the Years ရုပ်ရှင်ဇာတ်ကားဟာ ဒါရိုက်တာ Im Kwon-taek ရဲ့ အခု ၁၀၀ မြောက် ရုပ်ရှင်ဇာတ်ကားအဖြစ် ဂုဏ်ပြုရိုက်ကူးခဲ့ခြင်းဖြစ်ပြီး Yi Cheong-junရဲ့ "The Wanderer of Seonhak-dong" အမည်ရှိ ဝတ္ထုတိုကို အခြေခံထားကာ ၂၀၀၇ ခုနှစ် တိုရွန်တို အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပါတယ်။

New Heart က မင်းသားကြီး Jo Jae Hyun၊ Moving ထဲက မင်းသားကြီး Ryu Seung Ryong၊ မင်းသမီးကြီး Oh Jung Hae တို့ အဓိက ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်း-

ဒုံဟိုနဲ့ ဆုန်းဟွာတို့ဟာ နယ်လှည့် သီဆိုသူ အဆိုတော် ယူဘုံးရဲ့ မွေးစားခြင်းကို သီးခြားစီ ခံခဲ့ရပြီး မောင်နှမများအဖြစ် အတူတကွ ကြီးပြင်းလာခဲ့ကြတယ်။

ဒုံဟိုဟာ ဆုန်းဟွာ ချစ်ကြိုက်မိသွားပေမဲ့ အစ်မတစ်ယောက်လိုသာ သဘောထားနေရပြီးတော့ ဆုန်းဟွာကို အဆိုတော်ကောင်း တစ်ယောက်ဖြစ်လာစေချင်တဲ့ ယူဘုံးရဲ့ တွန်းအားပေးမှုတွေကို အမြဲတမ်း ရင်ဆိုင်နေခဲ့ရတယ်။ နောက်ဆုံးမှာတော့ ဒုံဟိုဟာ သည်းမခံနိုင်တော့ဘဲ အိမ်ကနေ ထွက်ခွာသွားခဲ့တယ်။






ဇာတ်ကားကြည့်ရန်Channelအရင်Joinဘာ
https://t.me/+bpl2tbP3qqxiZWE9
Movie Link
https://t.me/c/3796493798/2080
❤1