Best Movie: post #2235 — TG.ME

Our Town (2007)


ဒီရုပ်ရှင်လေးကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Parasite မင်းသားကြီး Lee Sun-kyun ရဲ့ အစောပိုင်းလက်ရာတွေထဲကမှ Thriller, Mystery ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

The Man of the Vineyard ထဲမှာ မင်းသား Oh Man-Seok နဲ့ God's Quiz ထဲမှ မင်းသား Ryu Deok-Hwan တို့လည်း အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင် အားဖြည့်ပေးထားပါသေးတယ်။

ဇာတ်လမ်းအကျဉ်း

အေးချမ်းသာယာလှပါတယ်ဆိုတဲ့ မြို့လေးတစ်မြို့မှာ အမျိုးသမီးတွေကိုသာ ပစ်မှတ်ထားပြီး ရက်ရက်စက်စက် သတ်ဖြတ်လေ့ရှိတဲ့ ကွင်းဆက်လူသတ်သမား တစ်ယောက်ကြောင့် တစ်မြို့လုံး အထိတ်ထိတ် အလန့်လန့်နဲ့ပေါ့။

အဲဒီမြို့လေးက ဂယောင်းဂျူကတော့ စိတ်ကူးယဉ် လူသတ်မှုအကြောင်းအရာတွေကို အဓိကထားရေးသားပေမဲ့ မအောင်မြင်သေးတဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပြီး ဂယောင်းဂျူရဲ့ ငယ်သူငယ်ချင်းဖြစ်သူ ဂျယ်ရှင်းကတော့ မြို့ထဲကကွင်းဆက်လူသတ်မှုကို အသည်းအသန် လိုက်လံစုံစမ်းနေရတဲ့ ပါးနပ်ထက်မြက်တဲ့ စုံထောက်တစ်ယောက်ပါ။


.

ဇာတ်ကားကြည့်ရန်Channelအရင်Joinဘာ
https://t.me/+bpl2tbP3qqxiZWE9
Movie Link
https://t.me/c/3804797991/3313
❤1