Crypto မှာ တော်တော်များများ အဖြစ်အမျာရဆုံးမှားတဲ့အရာတစ်ခုရှိတယ်။… — ZOE (ဇိုအီ) Crypto Free️ — TG.ME

🔥 Crypto မှာ တော်တော်များများ အဖြစ်အမျာရဆုံးမှားတဲ့အရာတစ်ခုရှိတယ်။ တချို့က သိပေမယ့်လည်း ဂရုမစိုက်လို့ ငွေဆုံးရှုံးသွားတာတွေ ရှိတယ်

“Bitcoin က တစ်ခုကို သောင်းချီ၊ သိန်းချီတန်နေပြီ… ဒီ Coin ကတော့ $0.01 ပဲရှိသေးတယ်။ ဒါဆို ဒီ Coin ကပိုချိုတာပေါ့၊ တက်ဖို့အများကြီးကျန်သေးတယ်” ဆိုပြီး ဝယ်ကြတာ။ 😅

ကျွန်တော်လည်း Crypto ကို စလေ့လာခါစဆို ဒီလိုတွေးဖူးတယ်။

Coin Price ကိုပဲကြည့်ပြီး

“$1 ရောက်ရင် 100X ပဲကွာ”

ဆိုပြီး Calculator ခေါက်နေတာ။ 😂

ဒါပေမယ့် ဒီနေရာမှာ လူတော်တော်များများ မကြည့်မိတဲ့ Number တစ်ခုရှိတယ်။

အဲ့ဒါက Market Cap ပါ။



💰 အဲ့ဆို Market Cap က ဘာလဲ?

တကယ်က လက်ရှိ ဈေးကွက်ပေါက်ဈေး Coin Price နဲ့ လက်ရှိ Market ထဲလည်ပတ်နေတဲ့ Coin ပမာဏ ကို ပေါင်းလိုက်တာပါ။ ပြန်းလာတာက Market Cap ပေါ့

Coin Price x Coin ပမာဏ = Market Cap

ဥပမာ—

Coin A က တစ်ခုကို $1 ဖြစ်ပြီး Market ထဲမှာ Coin 1 Billion ရှိတယ်ဆိုပါစို့။

Market Cap က—

$1 × 1 Billion = $1 Billion

ဖြစ်မယ်။

Coin B က တစ်ခုကို $100 ဖြစ်ပေမယ့် Coin 1 Million ပဲရှိတယ်ဆိုရင်—

$100 × 1 Million = $100 Million

ပဲရှိမယ်။

အဲ့ဒီတော့ Coin B က Price ပိုကြီးနေပေမယ့်—

တကယ့် Market Size က Coin A ထက်သေးနေတာ ဖြစ်နိုင်တယ်။

🧠 ဒီမှာ Beginner တွေအများဆုံးရှုပ်တာက—

Coin Price နဲ့ Coin Value ကို တစ်ခုတည်းလိုထင်တာ။

👉 အပြည့်အသုံကို Facebook https://www.facebook.com/share/1Lki3WSwMT/?mibextid=wwXIfr မှာ ဆက်ဖတ်လို့ရပါတယ်
❤6
September 4, 2026 755 4