ကြားဖူးနားဝစကားတွေက
အသက်ကိုတောင် ဆုံးရှုံးနိုင်တယ်
တချိုက စေတနာနဲ့
သူကြားဖူးတာတွေ တဖက်ကိုပြောလိုက်ပေမယ့်
တဖက်က ယုံကြည်မှုပြင်းထန်ပြီး
လိုက်လုပ်တဲ့အခါ မလိုလားအပ်တဲ့
ဆုံးရှုံးမှုတွေဖြစ်လာနိုင်တယ်
သူပြောတိုင်း ယုံ
သူပြောတိုင်း လိုက်လုပ်ရအောင်
သူ့အနေနဲ့ ဒီနေရာမှာ၊ ဒီနယ်ပယ်မှာ pro လား
စေတနာနဲ့ ကြားဖူးနားဝတွေနဲ့ ပြောနေတာလား
ဆိုတာတွေကို သေချာဆန်းစစ်ဖို့လိုတယ်
ခြေခေါက်လှဲလို့ ခြေမျက်စိနာနေတာကို
တချို့က ပြောကြတယ်
ပြုစားတယ်၊ သူ့များအောက်လမ်းနဲ့လုပ်တယ်
ဘာညာဘာညာတွေက ဘာကြီးလဲပေါ့
အမှန်က သူခြေခေါက်သွားလို့
ခြေနာသွားတာလေ
အဲ့တာကို ဗေဒင်လုပ်၊ ယျာတြာတွေလုပ်
အထက်လမ်း၊ အောက်လမ်း၊ အလယ်လမ်း
တွေကို အားမကိုးသင့်ဘူး
ဒါပေမယ့် စိတ်သန့်အောင်တော့
လုပ်ချင်ရင်လုပ်
တစ်ခါတလေမှာ စိတ်သန့်နေမှ
နေလို့ကောင်းတာမျိုးလည်း ရှိတယ်လေ
ဟိုလိုကြီးတော့ အပြည့်အဝကြီးယုံလို့မရဘူး
အကြောင်းကြောင့်၊ အကျိုးဖြစ်တာကို နားလည်ရမယ်
ဘယ်အရာပဲဖြစ်ဖြစ်
သူ့များပြောတိုင်း မယုံကြည်နဲ့
သူ့များပြောတိုင်း အဟုတ်မထင်နဲ့
သူ့များပြောတိုင်း မှန်တယ်မထင်နဲ့
သူ့များပြောတိုင်း ဖြစ်နိုင်တယ် မယူဆနဲ့
ကိုယ့်ရဲ့ဆုံးဖြတ် တစ်ချက်လေးမှားရင်တောင်
ပျော်ရွှင်မှု
အချိန်
ပိုက်ဆံ
လုပ်အား
အသက်အန္တရာယ်တွေ
အထိပါ ထိခိုင်နိုင်တယ်
DYOR(DO YOUR OWN RESEARCH) ပါ
14September 5, 2026 838 2