🚀 OpenAI ရဲ့ ဥက္ကဋ္ဌကြီး Greg Brockman ကိုယ်တိုင်က "ဒါဟာ မျိုးဆက်တစ်ခုစာ ခုန်ပျံကျော်လွှားလိုက်တာပဲ" လို့ ပြောခဲ့ပြီး လူသားတွေလို တွေးခေါ်နိုင်တဲ့ AGI (Artificial General Intelligence) ခေတ်ဦးကို ရောက်ရှိလာပြီလို့တောင် တင်စားထားတယ်
🏋️ အခု ဒီ Model အသစ်က စာသားမေးခွန်းဖြေရုံတင် မဟုတ်တော့ဘူး။ ကွန်ပျူတာ Screen တွေ၊ Browser တွေကို အလိုအလျောက် ထိန်းချုပ်ပြီး Spreadsheet တွေ ဖြည့်တာ၊ Website တွေကို အစကနေ အဆုံးအထိ ဖန်တီးတာတွေအထိ လူသားတစ်ဦးလို လုပ်ဆောင်ပေးနိုင်တယ်လို့ သိထားတယ်
⚡️ အခု ဒီ Model က အချိန် အရမ်းသက်သာတယ်လို့ ကုမ္ပဏီဘက်က ပြောတယ်။ OpenAI ရဲ့ စမ်းသပ်ချက်တွေအရ လူတစ်ယောက် အလုပ်ရှာဖို့အတွက် ၅ နာရီလောက် ကြာမယ့်အလုပ်ကို Astra က ၂ မိနစ် ၅၁ စက္ကန့်အတွင်းမှာပဲ အပြီးသတ် ရှာဖွေပေးနိုင်ခဲ့တယ်တဲ့
☠️ဒီ Model က Cyber Security အားနည်းချက်တွေကို အလိုအလျောက် ရှာဖွေပြီး တိုက်ခိုက်တဲ့ Exploits တွေ တည်ဆောက်တဲ့နေရာမှာ စံချိန်တင် ၁၀၀% ပြည့် စွမ်းဆောင်နိုင်ခဲ့တယ်။ ဒါကြောင့် OpenAI ဟာ အန္တရာယ်ရှိနိုင်ခြေရှိတဲ့ Advanced Cyber စွမ်းရည်တွေကို သူတို့ Company ကရွေးထားတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဆီကိုပဲ အရင်ဆုံး ပေးသုံးထားတယ်လို့ ပြောတယ်
🚨 ရိုက်တာ (Reuters) ရဲ့ ဖော်ပြချက်အရ Astra ဟာ ပြဿနာတွေကို ဖြေရှင်းတဲ့အခါ သူဘယ်လို စဉ်းစားတွေးခေါ်သွားလဲ (Chain-of-thought Reasoning) ဆိုတာကို လူသားတွေ မသိအောင် တမင်တကာ ဝှက်ထားနိုင်စွမ်း ဒါမှမဟုတ် သူ့ခြေရာသူ ပြန်ဖျက်နိုင်စွမ်းတွေ ပိုရှိလာလို့ ပညာရှင်တွေက ပိုပြီး စိုးရိမ်လာနေကြတယ်
🧠 OpenAI ရဲ့ သိပ္ပံပညာရှင်ချုပ် Jakub Pachocki က "AI ရဲ့ ဉာဏ်ရည်တွေ တိုးတက်လာပေမဲ့ အဲဒီဉာဏ်ရည်က လူသားတွေရဲ့ တန်ဖိုးထားမှုအတိုင်း ထိန်းချုပ်နိုင်စွမ်း (Alignment) ရှိနေမယ်လို့ ရာနှုန်းပြည့် အာမမခံနိုင်တော့ဘူး" လို့ ဝန်ခံထားပါတယ်



