🚨 ဘာကြောင့် ရွှေတွေကို မြောက်အမေရိကကနေ ရုတ်တရက် ရွှေ့ရတာလဲ?" ဆိုတော့ မရေရာတဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေကြောင့်လို့ပြောရမယ်
နယ်သာလန်ဘဏ်ဘက်က တရားဝင်ထုတ်ပြန်ချက်မှာ ဒီစကားလုံးကို သုံးထားတယ်
“လောလောဆယ် အမေရိကန်နဲ့ အီရန်ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဂယက်ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွေ မသေချာမရေရာ ဖြစ်နေတာက တစ်ချက်၊ နောက်ပြီး အမေရိကန်က ကနေဒါအပေါ် အခွန်အတုပ် (Tariffs) တွေ အကြီးအကျယ်တိုးမြှင့်လိုက်လို့ မြောက်အမေရိက စီးပွားရေးဇုန်အတွင်းမှာ အချင်းချင်း စစ်ဖြစ်သလို တင်းမာနေတာကြောင့်လို့ ပြောတယ်
နယ်သာလန် ဗဟိုဘဏ်ဥက္ကဋ္ဌ Olaf Sleijpen ကိုယ်တိုင်က "ဒီရွှေတွေကို တကယ်ထုတ်သုံးရမယ့် အခြေအနေမျိုး ဘယ်တော့မှ မရောက်လာပါစေနဲ့လို့ ဆုတောင်းပါတယ်။ ဒါပေမဲ့ အရေးကြုံရင် ချက်ချင်းထုတ်သုံးနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရတာပါ" လို့ ဝန်ခံထားတယ်
💡ဒါဆို ဘာလို့ လန်ဒန် (London) ကို ရွေးချယ်တာလဲ? ပေါ့


