Young Force ဘာတွေလုပ်နေလဲ??
_________
ပြီးခဲ့တဲ့၆လကျော်အတွင်း ကျွန်တော်တို့ တိုက်ပွဲတွေရပ်နားထားတာကို ပြည်သူအများ သတိထားမိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါဆို ဒီကာလအတွင်း ကျွန်တော်တို့တပ် ဘာတွေလုပ်နေခဲ့ကြတာလဲ?
ပြည်သူလူထုကို ပထမဦးစွာ အသိပေးလိုတာက ကျွန်တော်တို့တပ်အနေနဲ့ တပ်နဲ့ပါတ်သက်တဲ့ပုံရိပ်တွေကို စဉ်ဆက်မပြတ်ဖော်ပြတော့မှာမဟုတ်သလို သိုသိုသိပ်သိပ်နဲ့ ဆက်လက်လုပ်ဆောင်သွားတော့မှာဖြစ်ပါတယ်။
တော်လှန်ရေးကာလ လေးနှစ်ကျော် ကြာမြင့်လာပြီးတဲ့အခါ ကျွန်တော်တို့တော်လှန်ရေးတပ်တွေအနေနဲ့ သိရှိလာတာတစ်ခုက "တပ်တည်ဆောက်ရေး"ဟာ ဘယ်လောက်အရေးကြီးသလဲ ဆိုတာပါပဲ။ ဒါကြောင့် အခုအချိန်ကာလမှာ "တပ်တည်ဆောက်ရေး"အတွက် အစွမ်းကုန်ကြိုးစား တည်ဆောက်နေကြတဲ့ တပ်တွေထဲမှာ ကျွန်တော်တို့ Young Force လည်း အပါအဝင်ဖြစ်ပါတယ်။
ကျွန်တော်တို့ အညာဒေသက တော်လှန်ရေးတပ်တွေဟာ တော်လှန်ရေးကာလအတွင်းမှသာ ပေါ်ပေါက်လာကြတာဖြစ်လို့ တပ်တည်ဆောက်ချိန်မရဘဲ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ စဉ်ဆက်မပြတ် ဖော်ဆောင်ခဲ့ကြရပါတယ်။
ဒါကြောင့်ပဲ တစ်ဖက်မှာ အလွန်အရေးကြီးတဲ့ "တပ်တည်ဆောက်ရေး"လုပ်ငန်းမှာ အားနည်းခဲ့ကြပါတယ်။ အခု ၄နှစ်တာအချိန်ကာလအတွင်း သိရှိလာတာက စစ်တပ်ကို စစ်တပ်နဲ့ ပြန်တိုက်မှသာ စစ်ပွဲမှာ အောင်နိုင်မယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။ (ဒီနေရာမှာ "စခန်းကိုတိုက်တယ်၊ စစ်ကြောင်းကို တိုက်တယ်" ဆိုတာမျိုးဟာ "တိုက်ပွဲ"သာဖြစ်ပါတယ်။ "စစ်ပွဲ"ဆိုတဲ့ စကားလုံးဟာ အရမ်းကျယ်ပြန့်ပြီး လေးနက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တစ်တပ်လုံးကို ဖြိုချနိုင်ဖို့ဆိုရင် တော်လှန်ရေးတပ်တွေအနေနဲ့ ဖွဲ့စည်းမှုကျစ်လစ်တဲ့တပ်တွေဖြစ်နေမှသာ ဒီ"စစ်ပွဲ"မှာ အောင်နိုင်မှာဖြစ်ပါတယ်။
အကျဉ်းချုပ်ပြောရရင် "တိုက်ပွဲ"ဟာ တိုတောင်းပြီး "စစ်ပွဲ"ဟာ ခရီးရှည်ဖြစ်ပါတယ်)
ဟုတ်ပါတယ်။ ကျွန်တော်တို့တပ်ဟာ တိုက်ပွဲပေါင်းများစွာကို အောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့ပေမဲ့ အခုလတ်တလောကာလအတွင်းမှာ "စစ်ပွဲ"အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ "တပ်တည်ဆောက်ရေး"ကို စတင်အကောင်ထည်ဖော် တည်ဆောက်နေခဲ့ကြပါတယ်။
ဒါကြောင့်ပဲ တစ်ဖက်မှာ တိုက်ပွဲဖော်ဆောင်ဖို့ အခြေအနေတွေကို လက်လွှတ် အနားပေးထားခဲ့ရပါတယ်။ တိုက်ပွဲတွေရပ်နားနေတဲ့ ကာလအပိုင်းအခြားတစ်ခုအတွင်းမှာ "တပ်တည်ဆောက်ရေး"လုပ်ငန်းစဉ်တွေကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါတယ်။
အခုအခါမှာ အချိန်ကာလတစ်ခုကိုရောက်လာရှိပြီဖြစ်တဲ့အတွက် တပ်တည်ဆောက်ရေးနဲ့ တိုက်ပွဲဖော်ဆောင်နိုင်ရေးတို့ကို တစ်ပါတည်း ပူတွဲဆောင်ရွက်သွားတော့မှာဖြစ်ပါတယ်။
Pageကိုလည်း ရပ်နားထားတာ ကြာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ Young Forceရဲ့ လှုပ်ရှားမှုတွေကို ပြည်သူအများစောင့်ကြည့်နိုင်ရန် RCSလုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
ဓာတ်ပုံ-တပ်တွင်းရိက္ခာစိုက်ပျိုးရေး
Young Force
သတင်းနှင့်ပြန်ကြားရေး
14
2
2July 20, 2025 1.3K