လျှို့ဝှက်တတ်လွန်းတဲ့ ဗုဒ္ဓဟူး သားသမီးလေးအကြောင်း ...
မာကျောသယောင် မျက်နှာထားမျိုးနဲ့ အမြဲတမ်း တည်ငြိမ်နေသလို နေတတ်တဲ့ ကောင်မလေးကိုလေ ဗုဒ္ဓဟူးနေ့မှာ မွေးတယ် ။ သူမက အပြုံးအရီ နည်းတယ် တည်တည်ကြည်ကြည်နေတတ်တယ် ... မသိတဲ့ လူတွေကဆို မာနကြီးလိုက်တာဆိုတဲ့ မှတ်ချက်မျိုး ခဏခဏပေးခံရတဲ့ ပုံစံမျိုးပေါ့ ။ အဲ့ဒီရဲ့ တစ်ဖက်မှာ ဘယ်လောက်ထိ ကလေးဆန်လဲ ဘယ်သူမှ မသိခဲ့ပါဘူး ။ သူကိုယ်တိုင်လဲ ထုတ်မပြတတ်ဘူးလေ ။
စကားတွေ အများကြီးမပြောတတ်တဲ့ ပုံစံမျိုး ။ အဆင်မပြေခြင်းတွေ အများကြီးကို နားထောင်ပေးတတ်တဲ့ နားတစ်စုံပိုင်ပေမယ့် သူ့ရဲ့အဆင်မပြေခြင်းတွေအတွက်တော့ ငါနဲ့ပဲဆိုင်ပါတယ်ဆိုတဲ့ အတွေးနဲ့ပဲ မြိုသိပ်ထားတတ်တာ ။ သူများကို ကူညီဖို့ ၀န်မလေးသလောက် သူများဆီက အကူအညီယူရမှာတော့ သေလောက်အောင် ကြောက်တာလေ ။ ခက်ခဲနေလဲ သူတစ်ယောက်တည်းပဲ အဆင်ပြေနေရင်သာ မပေးမကမ်းပဲ မနေတတ်တာပါ အဆင်များမပြေရင် အိမ်ထဲက အိမ်ပြင်တောင် မထွက်ချင်တဲ့ ကောင်မလေးလေ ... အဲ့ဒီအချိန် ဘယ်သူနဲ့မှ မတွေ့ချင်တာရယ် ဘယ်သူ့အနားမှ မရှိချင်တာရယ် အများဆုံးဖြစ်တတ်တယ် ။
လူအများကြီးကြားမှာ နေရတာကို သိပ်ပြီး သဘောကျလေ့မရှိဘူး ... သဘောကောင်းတယ် အားနာတတ်တယ် ... ချစ်စရာကောင်းတဲ့ အကျင့်ဆိုပေမယ့် အဲ့တာကြောင့်ပဲ မကြာခဏ အလိမ်ခံရတတ်တယ် ။ မကြာခဏ ဒုက္ခရောက်တတ်တယ် ။ ဘယ်လောက်ပဲ ကိုယ့်အပေါ်မကောင်းတဲ့ လူတစ်ယောက်ပဲဖြစ်ဖြစ် နည်းနည်းလေး သနားအောင် လုပ်ပြလိုက်ရင် ပြန်ပြီးတော့ ငဲ့ကြည့်နေတတ်တဲ့အထိ စိတ်တွေ နုတယ် ။ အနားမှာ ရှိတဲ့ လူတိုင်းကို ဂရုစိုက်တတ်သလို အနားမှာရှိတဲ့ လူတိုင်းရဲ့ ဂရုစိုက်ခြင်းကို ခံချင်ပေမယ့် ဘယ်တော့မှတော့ ဖွင့်ပြောပြမှာမဟုတ်ဘူး ။
တစ်ယောက်တည်းလဲ အဆင်ပြေပါတယ်ဆိုတဲ့ စကားကိုသုံးပြီး အထီးကျန်ခြင်းတွေကို ဖုံးထားတတ်တဲ့ ပုံစံမျိုးပေါ့ ။ စိတ်ကူးယဥ်နေရတာထက် ဘ၀ကို လက်တွေ့ကျကျ ဖြတ်သန်းတတ်တယ် ။ ငွေတွေ ဂုဏ်တွေထက် ချစ်ခြင်းမေတ္တာကို ပိုတောင့်တတ်ကြတယ် ။ သူချစ်မိသွားရင် ကလေးဆန်တတ်တယ် ။ ချစ်တဲ့သူ အနားရောက်ရင်လေ သူအနားမှာရှိနေတဲ့ ရင့်ကျက်မှုတွေ အားလုံးက ပျောက်သွားတတ်ပြီး တစ်နေ့တခြား ပိုပိုပြီး ကလေးဆန်တတ်လာတာ ။ ဘယ်သူမှ နားမလည်ပေးနိုင်ဘူးထင်တဲ့အရာတွေကို သူက နားလည်ပေးတတ်ပြီး ဘာမှ မဟုတ်တဲ့အရာတွေကျ သူက ထိုင်ရစ်ချင် ရစ်နေတတ်တာ ။
စကားတစ်လုံးကို ရိုးရိုးရှင်းရှင်း နားထောင်တာထက် နက်နက်နဲနဲ စဥ်းစားပြီး အဖြေရှာနေတတ်တဲ့ ကောင်မလေးပေါ့ ။ ဘ၀င်တွေကျမနေတော့ရင် သူလိုချင်တဲ့ အဖြေတွေ မရမချင်း ထိုင်ရစ်ချင် ရစ်နေတတ်တာလေ ။ သူချစ်မိသွားရင်လေ . ခင်ဗျားက သိပ်ကံကောင်းမှာ တစ်ခါတစ်လေ စိတ်ညစ်ရလောက်တဲ့အထိ ဂရုစိုက်ခံရမှာဖြစ်သလို တစ်ခါတစ်လေ မုန်းစရာကောင်းလောက်တဲ့အထိ ကလေးဆန်ပြမှာ ပြဿနာတစ်ခုရှိလာရင် ခင်ဗျားထက် ပိုပြီး ရင့်ကျက်သွားလိမ့်မယ် တည်ငြိမ်ပြလိမ့်မယ် ။
ဘ၀ကို ပေါ့ပေါ့ပါးပါးလေးပဲ ဖြတ်သန်းတတ်ကြတယ် ။ အများကြီးတော့ လျှို့၀ှက်ထားတတ်တယ် ။ အပေါင်းအသင်းတွေ အများကြီးရှိပေမယ့် သူ့အကြောင်းသိတဲ့လူတော့ မရှိသလောက်ရှားတဲ့ ပတ်၀န်းကျင်မှာ ရှင်သန်ရတတ်တယ် ။ အတွေးတွေနဲ့ တိတ်ဆိတ်နေတတ်သလို မသိတဲ့ လူတစ်ယောက်အရှေ့မှာ မာနတွေထားတတ်တဲ့ မျက်နှာခပ်တင်းတင်း ကောင်မလေးပေါ့ ... သိပ်ပြီး အရောတ၀င်မရှိတတ်တာက သူရဲ့ ပုံစံပါပဲ ။ အဆင်မပြေခြင်းတွေအတွက် သူ့ကို တ လို့ရပြီး သူ့ရဲ့အဆင်မပြေခြင်းတွေတော့ ဘယ်သူမှ သိခွင့်တောင် ရှိလိုက်မှာမဟုတ်ဘူးလေ ။ ကျော်ဖြတ်ပြီးသွားမှ အဲ့ဒီတုန်းကလေဆိုတဲ့အရာကို ပြန်ပြောကောင်းပြောပြလိမ့်မယ် ။
ရောက်တဲ့အရပ်မှာ အဆင်ပြေအောင် နေတတ်တယ် ... ပျော်တယ် မပျော်ဘူးဆိုပြီး အရမ်းမတွေးပဲ လူတိုင်းကို အဆင်ပြေစေချင်တဲ့ ကောင်မလေးဆိုတော့ သူမမှာလေ တခြားလူတွေထက် ဒဏ်ရာတွေတော့ပိုများတယ် ။ ဘ၀မှာ မရှိတဲ့ အရာကို မတောင့်တဖြစ်သလို ဆုံးရှုံးပြီးသွားလဲ အများကြီး မနာကျင်ပြတတ်ဘူး ။ အသုံးအများဆုံးစကားလုံးက ရပါတယ်ဆိုတဲ့ စကားလုံးဖြစ်သလို အဆင်ပြေပါတယ်ဆိုပြီးပဲ သူက ပြုံးပြုံးလေး ဖြတ်သန်းလိမ့်မယ် ။
ဗုဒ္ဓဟူးသမီးလေး ... တစ်ယောက်သာ အနားနားရှိရင် ပုံမှန်ထက်ပိုပြီး ဂရုစိုက်ပေးပါ ... နွေးထွေးပေးပါ ကြင်နာပေးပါ သူက ဖွင့်မပြောတာပဲရှိတာ အများကြီးတော့ အချစ်ခံချင်တတ်ကြတယ် ။ စကားတွေပြောရင် အမှားတွေ မပါစေနဲ့ မဟုတ်ရင် သူလိုချင်တဲ့ အဖြေတွေရတဲ့အထိ နားတွေပူအောင်ရစ်လိမ့်မယ် ။ ကတိတွေ အများကြီးမပေးနဲ့ ... ပြောပြီးလို့ ဖြစ်မလာရင် သူက တိတ်ဆိတ်ပြီး ၀မ်းနည်းသွားတတ်တာလေ ။ မင်းမသိပါဘူးဆိုတဲ့ စကားတွေ အများကြီးပြောနေရင် သတိထားပါ ... ငါချစ်သလို ဘာလို့ သူမချစ်ရတာလဲဆိုတဲ့ အတွေး၀င်သွားရင် သူက အဲ့စကားကို သုံးတတ်တယ် ။
သူ ဖြစ်နေခြင်းတွေကို လျှို့၀ှက်ထားတတ်ပေမယ့် တခြား ဘယ်သူ့အဆင်မပြေခြင်းတွေကိုမဆို ခေါင်းထဲ ထည့်ထားတတ်တယ် ။ နေရာတကာမှာ အမြဲတမ်း သည်းခံထားရတော့ တစ်ခါတစ်လေမှာ လွှတ်ထွက်သွားတတ်တာကလွဲရင် အမြဲတမ်းတော့ တည်ငြိမ် ရင့်ကျက်တတ်ပါတယ် ။
#ကျေးကို
12
8April 22, 2024 2.1K 9