House🔸 House ဆိုရင် ကျွန်တော်တို့ အများစု သိပြီးသားဖြစ်မှာပါ။… — ဗဟုသုတစာပေများ — TG.ME

🔸House🔸

House ဆိုရင် ကျွန်တော်တို့ အများစု သိပြီးသားဖြစ်မှာပါ။

အဓိပ္ပါယ်က "အိမ်"ပေါ့။

House က အဆောက်အအုံကို ပြောတာ။လူနေတာမနေတာကို ပြောတာမဟုတ်ဘူး။ကိုယ်က နေမယ်ဆိုရင်လည်း ကိုယ့်ရဲ့အိမ်က house ပေါ့။

1️⃣ I had my house painted.
ကျွန်တော့်အိမ်ကို ဆေးသုတ်ခဲ့တယ်။

(ဒီစာကြောင်းမှာပါတဲ့ house က နေတာ မနေတာကို ဆိုလိုနေတာမဟုတ်ဘူး။သူပိုင်တဲ့အိမ်(သို့မဟုတ်)အဆောက်အအုံ တစ်လုံးကို ဆိုလိုတာဖြစ်တယ်။)

2️⃣ There are three houses in that compound.
ဟိုခြံထဲမှာ အိမ် ၃ လုံးရှိတယ်။

(အိမ် အဆောက်အအုံပဲပြောတာ။လူနေသလား၊မနေသလား ပြောလို့မရဘူး။အဲ့ထဲမှာ အိမ်အဆောက်အအုံ ၃ လုံးရှိတာမျိုးပါ။)

OALD မှယလည်း house ရဲ့အဓိပ္ပါယ်ကို
a building for people to live in,usually for one family.
လူတွေနေထိုင်ဖို့ အတွက် ရည်ရွယ်ဆောက်လုပ်ထားတဲ့အဆောက်အအုံပါ။
------------------------------------------------------------------
House ကို တခြားရည်ရွယ်ချက်နဲ့ ဆောက်လုပ်ထားတဲ့အဆောက်အအုံတွေကိုလည်း ခေါ်ပါသေးတယ်။
OALDမှာ ပြထားတာက..
(In compounds) a building used for a particular purpose,for example for holding meeting in or keeping animals or goods in လို့ဆိုပါတယ်။

လူတွေစုဝေးကြဖို့/စုဝေးထားရှိဖို့၊တိရစ္ဆာန်တွေ၊ကုန်ပစ္စည်တွေ ထားရှိဖို့ပြုလုပ် တည်ဆောက်ထားတဲ့ နေရာအဆောက်အအုံတွေ ကိုလည်းHouse သုံးတယ်ပေါ့။

ဥပမာ..
1️⃣ Opera-house =အော်ပရာဇာတ်ရုံ
2️⃣ doghouse = ခွေးလှောင်အိမ်
3️⃣ warehouse=ကုန်လှောင်ရုံ
4️⃣henhouse=ကြက်တဲ၊ ဘဲတဲ
5️⃣ resthouse=ဇရပ်

------------------------------------------------------------------
နောက်ထပ် house ရဲ့အဓိပ္ပါယ်ကို
OALD မှာ..
used in the names of office buildings လို့ပြထားတယ်။
(အစိုးရ ရုံး၊ကုမ္ပဏီရုံး အဆောက်အအုံတွေရဲ့ အမည်မှာလည်း သုံးတယ်)

1️⃣customs house=အကောက်ခွန်ရုံး
2️⃣upper house =အထက်လွှတ်တော်
3️⃣lower house =အောက်လွှတ်တော်
4️⃣court-house=တရားရုံး

ခု ဖြစ်နေတဲ့ အခြေနေလေးနဲ့ပတ်သက်ပြီး
House arrest (n)အကျယ်ချုပ် ဆိုတဲ့အသုံးလေးမှတ်ထားရအောင်

Our leaders were placed under house arrest.
ငါတို့ ခေါင်းဆောင်တွေဟာ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားခံခဲ့ရတယ်။

------------------------------------------------------------------
🔸Home🔸
Home ဆိုတာလည်း "အိမ်"ပေါ့။
ဒါမဲ့ ဒီစကားလုံးက နေထိုင်မှုကိုပဲရည်ညွှန်းတယ်။

I am at home now.
ငါ ခု အိမ်မှာရှိတယ်။

(သူပြောတာက သူ အမြဲ အိပ်၊စား နေထိုင်နေကျနေရာမှာ ပဲရှိတာကိုပြောနေတာပါ။သူနေတာက house (အိမ်)လား၊hut(တဲ) နဲ့လား၊flat(တိုက်ခန်း)နဲ့လား ဆိုတာမျိုးမပြောဘူး။အမျိုးမျိုးဖြစ်နိုင်တယ်။)

ဥပမာ..

My home is a house.
ငါနေထိုင်မှုက၊ငါ့ အိမ်က house တစ်လုံးနဲ့ပါ။
(ရောထွေးမှာစိုး၍ house ဟုပဲ သုံးလိုက်တာပါ။)

My home is a flat.
ငါ့အိမ်ဆိုတာ တိုက်ခန်းလေးတစ်ခုပါ။

My home is a hut.
ငါ့အိမ်က တဲလေးတစ်လုံးပါ။

နောက်ထပ်ဥပမာလေးကြည်....
ကျွန်တော်က စလင်းသား၊ခုတော့ မကွေးက သူငယ်ချင်းဆီရောက်နေတုန်း သူ့ကို ကျွန်တော်က ပြောလိုက်မယ်ဆိုပါတော့......

My home is in Salin.
ငါနေတာ (ငါ့အိမ်က)စလင်းမှာပါ။
(Home က စလင်းမြို့နယ်ကို ရည်ညွှန်းလိုက်တာပေါ့)

အလားတူပဲ....
ကျွန်တော်က နိုင်ငံခြားမှာအလုပ်လုပ်နေတာ၊သူဌေးကို ကျွန်နော်က ပြောလိုက်မယ်ဆိုပါတော့...

I am going home next month.
နောက်လ ကျွန်တော် အိမ်ပြန်မယ်ဗျ။
(Home က ကျွန်တော်နေထိုင်ရာ အမိမြေ မြန်မာနိုင်ငံကို ဆိုလိုလိုက်တာပဲ)

Ref:ဆရာဦးသိန်းလွင်
(A Guide To English Usage)

: ဆရာဦးသာနိုး
(English Elements Of The Language)

: OALD(10th Edition)

အရင်ကမျှဝေခဲ့ဖူးတာလေး ပြန်မျှဝေပေးခြင်းပါ

လိုအပ်ချက်၊စာလုံးပေါင်းမှားယွင်းမှုများပါရှိလာပါကလည်း မိမိ၏စစ်ဆေးမှု လိုအပ်ချက်ပါခင်ဗျ။

လိုအပ်ချက်များကိုလည်း မိမိ၏ ညီ အစ်ကို၊ မောင်နှမ သဖွယ် သဘောထား၍ လမ်းညွှန်​ သင်ပြ
ပေးနိုင်ပါတယ်ခင်ဗျာ။

အရင်က ပြန်မျှဝေခဲ့ဖူးပါတယ်။လိုအပ်သူတွေထပ်မံ တင်ပေးဖို့ပြောလို့ထပ်တင်ပေးခြင်းပါ။

ဦးနိုင်
( ၅. ၅. ၂၀ ၂၄)
❤22👍18🍓8
May 9, 2024 5.6K 10