“လုံးဝ အုပ်ချုပ်ခွင့်မရစေရ”
စစ်ကောင်စီတပ်သည် အာဏာသိမ်းမှု စတင်ချိန်မှစ၍ ယခုလက်ရှိ ၂ နှစ်ကျော် ကာလတိုင်သည့်အောင် မြန်မာနိုင်ငံကို အပြည့်အဝ အုပ်ချုပ်နိုင်ခြင်းမရှိခဲ့ပါ။ ပြည်သူများသည် နည်းလမ်းမျိုးစုံ အသုံးပြုကာ စစ်အာဏာရှင်ကို တိုက်ခိုက်နေကြသည်။ တရက်မပျက် နေရာအနှံ့ပင် စစ်အာဏာရှင်စနစ်ဆိုးကို ပုန်ကန်ဖီဆန်နေကြသည်။
ယခု ကိုမင်းမော်ကွန်းဝတ်ဆင်ထားသော “လုံးဝအုပ်ချုပ်ခွင့်မရစေရ” စာသားပါ ပုဆိုးသည် ၂၀၂၂ခုနှစ်က ရန်ကုန်မြို့တွင် လုံချည်သပိတ်လှုပ်ရှားမှု လုပ်ဆောင်စဉ်က ရဲဘော်များဝတ်ဆင်ခဲ့သည့် သမိုင်းမှတ်တမ်းတခုရှိခဲ့သည့် မူရင်း လုံချည်ဖြစ်သည်။
YRFမှ ဦးဆောင်၍ ထိုသမိုင်းမှတ်တမ်းရှိခဲ့သည့် လုံချည်များအပါအဝင် အခြားသောလှုပ်ရှားမှုများမှ သမိုင်းရှိသည့် ပစ္စည်းများကို လက်ဆောင်အဖြစ်ပြန်လည်ပေးအပ်မည့် “ငါတို့လုံချည်ငါတို့အောင်ပွဲ” အမည်ဖြင့် ရန်ပုံငွေရှာဖွေရေးကမ်ပိန်းတခုပြုလုပ်နေသည်။ ပြည်သူများအနေဖြင့် ထိုကမ်ပိန်းတွင် လာရောက်ထည့်ဝင်ကြရန်အတွက်လည်း ဖိတ်ခေါ်ပါတယ်။
ရန်ပုံငွေထည့်ဝင်နိုင်သည့် NUG Pay QR ကို ဖော်ပြပေးထားပါတယ်။
#ငါတို့လုံချည်ငါတို့အောင်ပွဲ
59
12
1December 19, 2023 13.7K 23





