အကြမ်းဖက် စစ်တပ်ဟာ သွေးခွဲပါတယ်။ ခေတ်အဆက်ဆက်လဲ သွေးခွဲတဲ့ ဗျူဟာနဲ့ တော်လှန်ရေးအင်အားစုတွေ ကွဲထွက်အောင် ချိနဲ့သွားအောင် လုပ်ပြီး အနိုင်ယူခဲ့တာပါ။လက်ရှိ အထင်ရှားဆုံး ဥပမာဆို KNU ကနေ DKBA / KNLA/ BGF တွေ ကွဲထွက်နေအောင် လုပ်ထားသလိုမျိုးပေါ့။
အကြမ်းဖက်စစ်တပ်ရဲ့ အဓိက ရန်သူဟာ NUG နဲ့ PDF တွေဖြစ်ပါတယ်။ ချင်း/ ရခိုင် အပါ Eros တွေကို ငြိမ်းချမ်းရေးဆွေးနွေးမယ် ပြောပေမယ့် NUG နဲ့ PDF တွေကိုတော့ ဆွေးနွေးမယ်လို့ ဘယ်တုန်းကမှ မပြောပါ။ အကြွင်းမဲ့ လက်နက်ချခိုင်းတာသာ ရှိပါတယ်။
ချင်း/ ရခိုင်အပါ Eros တွေနဲ့ စစ်မျက်နှာ မရှိတော့ရင် မကွေး၊ စစ်ကိုင်းဒေသဟာ အကြမ်းဖက် စစ်တပ်ရဲ့ အပြည့်အ၀ ထိုးစစ်ဆင်ခြင်းကို ရင်ဆိုင်လာရမှာပါ။ အဲဒီအခါ မကွေး၊ စစ်ကိုင်း စသည့် အညာဒေသည် တောင့်ခံနိုင်ဖွယ် မရှိပါ။ သည့်အတွက် ချင်း/ ရခိုင်ဒေသဘက်ကို ဦးတည်နေတဲ့ ရန်သူ့ ထိုးစစ်ကို တတ်နိုင်သမျှ ခြွေစစ် (သို့) ချေမှုန်းစစ် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အကြမ်းဖက်တွေရဲ့ ချင်း၊ ရခိုင်၊ ဗမာ သွေးခွဲနေတဲ့အပေါ်မှာ နားမယောင်မိဖို့ အရေးတကြီး လိုအပ်ပါတယ်။
#Crd
#Magway Info




