အက်ရှင်ကောင်းကောင်းကိုမှ ထိုင်းရိုးရာ မှော်ပညာရပ်တွေနဲ့ ပေါင်းစပ်ထားတာကို သဘောကျတယ်ဆိုရင်တော့ လုံးဝ လက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ခုပါ ...
ဇာတ်လမ်းအကျဉ်း
ဒုတိယကမ္ဘာစစ်အတွင်း အာဏာရှင် စစ်ဦးစီးချုပ်လတ်က ဂျပန်စစ်တပ်ရဲ့ ပျောက်ဆုံးနေတဲ့ ရွှေတွေကို ရှာဖွေဖို့ စီမံကိန်းတစ်ခု ချမှတ်ခဲ့ပါတယ်..အဲဒီစီမံကိန်းကတော့ ကျားကို ကျားနဲ့ဖမ်းခြင်း ပါပဲ.. အဲအတွက် အစိုးရက လက်ရဖမ်းဆီးထားတဲ့ ဓားပြဗိုလ်ဖိုင်းကို အကျဉ်းထောင်ကနေ လွှတ်ပေးပြီး တခြားသော ဓားပြတွေကို အသေသတ်ဖို့ စေခိုင်းခဲ့ပါတယ်
တစ်ဖက်မှာလည်း ဘိုင်နဲ့ဒမ်တို့က အစိုးရရဲ့ ဖိနှိပ်မှုကို တော်လှန်ဖို့ ကြိုးစားနေပြီး.. အကွက်ချစီမံတတ်တဲ့ မဟေဆွမ် ကတော့ ရွှေတွေနဲ့ အာဏာကြားမှာ သူ့ရဲ့ ကိုယ်ပိုင်အစီအစဉ်နဲ့ လှုပ်ရှားနေပါတယ်..
ဒီလိုနဲ့ သူတို့၄ ယောက် ဆုံတွေ့ကြတဲ့အခါမှာတော့ ကျည်ဆန်တွေနဲ့ မှော်အင်းတွေနဲ့ ပေါက်ကွဲတဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလာပါတော့တယ်..
ဒုတိယကမ္ဘာစစ်အတွင်းက ပျောက်ဆုံးသွားတဲ့ ရွှေတိုက်ပွဲကြားမှာ ဘယ်ကျားက အရှင်သခင်ဖြစ်မလဲဆိုတာကိုတော့ Channel မှာ အခုပဲ ကြည့်ရှုလို့ရပါပြီ ။
ZkarLink 💡
https://t.me/lcmcmovies/412
🎬 Genre- Action
📈 IMDB- ---



















