အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် မိဘဆရာတွေ့ဆုံပွဲများ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါပြီ 🎓
New Generation Myanmar – NGM မှ စီစဉ်ကျင်းပပြုလုပ်ခဲ့တဲ့ မိဘဆရာတွေ့ဆုံပွဲ အခမ်းအနားများကို အဆင့်အလိုက် အောက်ပါအတိုင်း အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။
📌 ဩဂုတ်လ ၂၆ ရက်: အထက်တန်းအဆင့် မိဘဆရာတွေ့ဆုံပွဲ
📌 ဩဂုတ်လ ၂၇ ရက်: အလယ်တန်းအဆင့် မိဘဆရာတွေ့ဆုံပွဲ
📌 ဩဂုတ်လ ၂၈ ရက်: မူလတန်းအဆင့် မိဘဆရာတွေ့ဆုံပွဲ
အဆိုပါ တွေ့ဆုံပွဲများတွင် ကျောင်းသား/ကျောင်းသူများ၏ ပညာရေးတိုးတက်မှု၊ သင်ယူမှုအခြေအနေများ၊ အားသာချက်နှင့် လိုအပ်ချက်များကို မိဘများနှင့် ဆရာ/ဆရာမများအကြား အပြန်အလှန်ဆွေးနွေးမျှဝေခဲ့ကြပါတယ်။
ကျောင်းသား/ကျောင်းသူများ၏ ပညာရေးအောင်မြင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် တက်ကြွစွာ ပါဝင်ဆွေးနွေးပေးကြသော မိဘများ၊ ဆရာ/ဆရာမများနှင့် ပါဝင်ကူညီပေးခဲ့ကြသူများအားလုံးကို New Generation Myanmar – NGM မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
မိဘများနှင့် ဆရာ/ဆရာမများ၏ ပူးပေါင်းပါဝင်မှုမှတစ်ဆင့် ကျောင်းသား/ကျောင်းသူများ၏ ပိုမိုကောင်းမွန်သော ပညာရေးခရီးလမ်းကို အတူတကွ ဖော်ဆောင်ကြပါစို့။
#NewGenerationMyanmar
#NGM
#ParentTeacherMeeting








