သရက်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ကံမမြို့နယ် ပကဖ ရဲ့ အပတ်စဉ် ၅… — The Voice Of Spring | နွေဦးအသံ | — TG.ME

◼️သရက်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ကံမမြို့နယ် ပကဖ ရဲ့ အပတ်စဉ် ၅ စစ်သင်တန်းပြီးစီး

၅ စက်တင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ သရက်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားလျက်ရှိတဲ့ ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အပတ်စဉ် (၅) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာ ၄ ရက်မှာ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သင်တန်းဆင်းရဲဘော်သစ်တွေရဲ့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၅ ရက်မှာ အသိပေးထားတာပါ။

အမျိုးသားညီညွတ်‌ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ကံမမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ (ပကဖ) အနေနဲ့ အပတ်စဉ် ၃ နဲ့ ၄ စစ်သင်တန်းတွေကိုလည်း ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလနဲ့ မေလ တို့မှာ အသီးသီးဖွင့်လှစ်ပြီးစီးခဲ့တာ တွေ့ရပါတယ်။

Photo | ကံမမြို့နယ် ပကဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤21👍4👏1
September 5, 2026 997 1