ဒီပဲယင်းမှာ စစ်အုပ်စုကို ပကဖ ပစ်ခတ်တိုက်ခိုက်ရာ တပ်ကြပ် ၁… — The Voice Of Spring | နွေဦးအသံ | — TG.ME

◼️‌ဒီပဲယင်းမှာ စစ်အုပ်စုကို ပကဖ ပစ်ခတ်တိုက်ခိုက်ရာ တပ်ကြပ် ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ

၅ စက်တင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ဒီပဲယင်းမြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပကဖပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ ၂ ရက်၊ မနက် ၁၁ နာရီ ၄၅ မိနစ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ် ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။

မြို့ပေါ်မှ ရိက္ခာရှာထွက်လာတဲ့ စစ်အုပ်စုကို မြို့နယ်နဲ့ တိုက်နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တွေက
အသင့်စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ် ၁ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရတယ်လို့ အသိပေးထားပါတယ်။

အဲဒီနောက် တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာသို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သွားရောက်နယ်မြေရှင်းလင်းရာ တပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းကို တွေ့ရှိခဲ့သလို MA1 ၁ လက်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ရုပ်သံနဲ့တကွ ဖော်ပြထားပါတယ်။

ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ နဲ့ တိုက်နယ် (၁ ၊ ၂) ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အဖြူရောင် ပကဖ (DPY) ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Photo | အဖြူရောင် D.P.Y (Screenshot)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤15👏7
September 5, 2026 622